Unicode
ရေသည် လူအများမှန်ဆနိုင်သည်အထိ ကျော်လွန်၍ နက်ရှိုင်းသလို အရိုးထဲခိုက်အောင် အေးစက်သည်။ တမဟုတ်ဆိုသလို အအေးဓာတ်သည် ခန္ဓာကိုယ်အနှံ့ စိမ့်ဝင်တိုးလာကြ၏။
အအေးဓာတ်ရောက်ရှိလာခြင်းနှင့်အတူ ရွှဲရှန့်တစ်ယောက်လည်း မူးဝေနေသောအခိုက်မှ တခဏလွတ်မြောက်သွားသည်။ အချိန်အတော်ကြာ အိုးထဲအပြုတ်ခံနေရသော မကောင်းဆိုးဝါးသည် ဘာတွေများဖြစ်ကုန်ကြလဲ မှန်းဆမရတော့။ ထို့ကြောင့်ပဲ သူ့အားဆုပ်ကိုင်ထားဆဲဖြစ်သော ရွှမ်းမင်ကို မေးမြန်းလိုက်သည်။
"ကတုံး..ငါဘယ်လိုလုပ်ရေထဲရောက်သွားတာလဲ?"
ရွှမ်းမင် ; “…”
ဘယ်သူကများသိမှာလဲ?"မင်းကရောဘယ်လိုလုပ်ပြီးလိုက်လာတာလဲ?"
ရွှမ်းမင် ; “…”
ဘယ်သူမှမသိ..အလုံးတစ်လုံးဖြစ်သောရွှဲရှန့်၏ အာရုံခြောက်ပါးသည် ရေပိတ်ဆို့ခြင်းမရှိတာကြောင့် စကားပြောချင်တိုင်း ပြောလို့ရနေသေး၏။ သို့ပေမယ့် ရွှမ်းမင်သာ ပါးစပ်ဟရန် ဆုံးဖြတ်လိုက်လျှင် ရေဂါလန်လိုက် မြိုချမိသွားလိမ့်မည်။ အေးစက်နေခြင်းသည် ပြဿနာမဟုတ်။ ဘယ်ကနေရောက်လာသော ရေများမှန်း မရှင်းလင်းသေးသလို ဤဂူအတွင်း ဘယ်အချိန်တည်းက သိုလှောင်ထားမှန်း မည်သူမှမသိရသေး။ ရွံရှာဖွယ်ကောင်းတာကတော့ အမှန်ပင်။ ထိုရေများကို ရွှမ်းမင်သောက်ရမည့်အစား ရေနစ်မြုပ်သွားတာကမှ တော်သေးသည်။
ရွှဲရှန့်စကားပြောနေတုန်းပဲ နှစ်ဦးသားသည်လည်း ရေမျက်နှာပြင်မှ လျှင်မြန်စွာပင် ကျဆင်းလာခဲ့သည်။ ဝုန်းကနဲတခဲနက် အလေးချိန်နှင့်အတူ ရွှေလုံးသည် ရေကန်အောက်ခြေသို့ ရောက်ရှိသွား၏။
ရေကန်အောက်ခြေတွင်ရှိနေသော အနည်များနှင့် အညစ်အကြေးများ၏ ထုထည်မှာ ပြုတ်အကျလာကို စီးခံပေးပေမယ့် ရွှမ်းမင်လက်သည် ပြားချပ်မတတ်ပင်။ မည်သူ၏လက်မဆို အရိုးများ အမှုန့်ဖြစ်မတက် ကျိုးကြေသွားနိုင်၏။
အသိစိတ်ရတစ်ချက် လွတ်တစ်ချက် အခြေအနေမှာတင် အသားစိုင်အချို့ ပြန်လည်ရရှိလိုက်သလို ရွှဲရှန့်ခံစားနေရသည်။ စကားပြောနိုင်နေသေးသော်ငြားလည်း မခံမရပ်နိုင်အောင် မြင့်တက်လာသော အပူချိန်သည် အသိစိတ်ကို ဆက်လက်ပြီး မီးလောင်တိုက်သွင်းနေ၏။ ဆိုးရွားလှစွာသော ချာချာလည်နေသည့် ဖြစ်စဥ်သည် အန်ထွက်မတတ်ပင်။ အနည်များအတွင်း ခေါင်းဖြတ်ခံလိုက်ရသော ယင်ယောင်နှယ် ပယမ်းပတာ လူးလိမ့်နေရင်း မွေးရာပါအရိုးခံ အသိစိတ်က တစ်ခုခုကို ပြင်းပြင်းပြပြ အရှိန်တင်လာခဲ့သည်။ တစ်စုံတစ်ရာကို အနည်များအတွင်း လိုက်လံရှာဖွေနေသည့်နှယ်။
YOU ARE READING
Copper Coins《铜钱龛世》
Historical FictionNovel : tongqiankanshi(铜钱龛世) Author : Mu Su Li 木苏里 English translator : jiaqikangjiaqi Chapters : 102+extra တသီးတသန့်နေရတာသဘောကျ၍တည်ငြိမ်သူဘုန်းတော်ကြီးရွှမ်းမင် (ဘုန်းတော်ကြီးအစစ်မဟုတ်)နှင့် အများနှင့်မတူတမူထူးခြားသောဒေါသအိုးရွှဲရှန့် MC(shou) is h...