အခန်း ၄[စက္ကူလူသား ၄]

3.9K 905 18
                                    

Unicode

ရွှဲရှန်လည်း ရုတ်ချင်းရောက်ရှိလာသော တန်ပြန်သက်ရောက်မှုကြောင့် အိတ်ကပ်အောက်ခြေသို့ ထိုင်ရက်ပြုတ်ကျသွားသည်။

အတော်ကြာမူးဝေပြီး ငြိမ်သက်နေရာမှ အိတ်ကပ်အတွင်း ဖြည်းဖြည်းသာ လိုက်စမ်းကြည့်လိုက်သည်။ တွန်းတိုက်မိရာနေရာကို ဖိရုံတင်မက အပေါ်အောက်ပုတ်ဆွဲကြည့်ပေမဲ့လည်း ပြန်လည်တုံ့ပြန်မှုမရှိလာခဲ့။

"စိုက်လိုက်တဲ့အပ်ကြောင့်များလား?"

ကိုယ်ကြားရုံလောက်သာ ခပ်တိုးတိုးပြောရင်း အပ်ကိုတဖန်ကောက်ယူလိုက်သည်။

"အာ့...ငါ့ကိုဘာနဲ့ထိုးနေတာလဲ?အရေးထဲမှဘာတွေလုပ်နေတာလဲ"

တိုးတိုးလေးထွက်လာသော ကျန်းရှီနင်အသံကြောင့် ရွှဲရှန်လည်းကြောင်သွားပြီး ရောင်တောင်တောင်နဲ့ကြည့်ကာ

"မင်းကဘယ်လိုလုပ်စကားပြောလို့ရတာလဲ?"

မေးခွန်းကြောင့် ကျန်းရှီနင်ကိုယ်တိုင်ပင်ကြောင်သွားသည်။ သူ့အတွက် တစ်နေ့တာအချိန်က ကုန်သွားပြီးဖြစ်တာကြောင့် လှုပ်နိုင်တော့မှာမဟုတ်သလို စကားလည်းပြောနိုင်တော့မှာမဟုတ်ပေမဲ့ အခုဘယ်လိုဖြစ်ပြီး စကားပြောနိုင်နေရတာလဲ?

ခုနကတန်ပြန်လာတဲ့အရာကြောင့်လား? ဒါလည်းမဖြစ်နိုင်။ အိတ်ထဲစရောက်ကတည်းက ကျန်းရှီနင်စကားပြောနိုင်ခဲ့တာကို သတိမထားမိတာဖြစ်သည်။

ဒီကတုံးခန္ဓာကိုယ်ထဲမှာအသုံးဝင်တဲ့ပစ္စည်းတွေဝှက်ထားတာလား?

တွေးလေလေ ပို၍စိတ်ဝင်စားလာလေလေပင်။ ရွှဲရှန်လည်း သိချင်စိတ်ကိုမထိန်းနိုင်တော့ပဲ ခါးကိုအပ်နှင့် နောက်တစ်ကြိမ် ထပ်စိုက်လိုက်သည်။

လူအုပ်တွင်းမှ ထွက်ခွာတော့မည့် ဘုန်းတော်ကြီးခြေလှမ်းတွေ ရပ်တန့်သွားသည်။

ရွှမ်းမင် ; "........"

အရှင်လွှတ်ထားပေးတာတောင် အငြိမ်မနေပဲ ရိုင်းစိုင်းသူသည် ဥာဏ်ကြီးရှင်ရွှဲရှန်တစ်ယောက်သာရှိသည်။

ရွှမ်းမင်မျက်မှောင်ကျုတ်ရင်း အမြဲမကျေနပ်ချက်တွေ များနေသောစက္ကူလူသားကို အိတ်တွင်းမှထုတ်လိုက်သည်။ အခေါက်ခံထားရသောရွှဲရှန်သည် ထွန့်ထွန့်လူးနေပေမယ့်လည်း ဘေးမှကြည့်နေသူများ အမြင်မှာတော့ လူပုံမပြောနဲ့။ ဘာပုံမှန်းတောင် ရေရေရာရာမရှိသော စက္ကူခေါက်အသွင်သာရှိသည်။

ရွှမ်းမင်သည် စက္ကူလူသားခေါင်းအားဖိဆိတ်ရင်း စက္ကူတွင်ကပ်လျက်ရှိသောအပ်ကို ဆွဲနုတ်လိုက်၏။

အပ်သည်ထင်သလိုပါမလာပဲ စက္ကူနှင့်တသားတည်း ကပ်လျက်ရှိတာကြောင့် ရွှမ်းမင်လည်းငုံ့ကြည့်ရင်း အေးစက်လှသောအသံဖြင့်

"လွှတ်လိုက်"

ရဲမက်များမှာတော့ ဒီကိုယ်တော်ရူးနေတာလား? ငါတို့ကိုလှည့်ဖြားဖို့လုပ်နေတာလား?စသဖြင့် သို့လောသို့လောတွေ ဖြစ်ကုန်တော့သည်။

ကြာကြာမနေရတော့ဘူးဟူသော စကားကြားလိုက်ရပြီး ကြက်သေသေသွားသော အကြံပေးသည်လည်း ဒေါသတကြီး အသိပြန်ဝင်လာတော့၏။ ရွှမ်းမင်အား လက်ညိုးငေါက်ငေါက်ထိုးကာ

"အသိတရားခေါင်းပါးတဲ့ဘုန်းကြီး..ဘယ်ကနေဘယ်လိုလာမှန်းလည်းမသိ..စာရွက်ထဲကသူမဟုတ်ရင်တောင်မင်းကိုအချုပ်ထဲထည့်ညှင်းပန်းနှိပ်စက်ပြီးဆွေစဥ်မျိုးဆက်နောက်ကြောင်းလိုက်စစ်လို့ရတယ်..စိတ်ကောင်းဝင်ပြီးလွှတ်ပေးတာကိုကျေးဇူးတုံ့ပြန်ရမယ့်အစားငါ့ကိုလှည့်ကျိန်ဆဲသေးတယ်...ရဲမက်တွေ.."

စကားမဆုံးသေးခင်ရွှမ်းမင်မှ

"မျက်ခုံးရိုးနှစ်ခုကြားကအားလျော့နေတယ်..အတွင်းဘက်ကမည်းမှောင်နေပြီးအပြင်ဘက်ကစိမ်းရောင်သန်းနေတယ်..အဲ့ဒီအဓိပ္ပာယ်အရကံတရားကုန်ဆုံးသွားပြီလို့ဆိုလိုတာပဲ..ဒါ့အပြင်ဘယ်ဘက်နားရွက်မှာသွေးအမှတ်ရှိနေတယ်"

"ဘာသွေးအမှတ်လဲ?"

အကြံပေးဟာ နားရွက်ကိုပွတ်သပ်ကြည့်ပေမဲ့ လက်ဖျားထိပ်မှာ ဘာသွေးမှပါမလာဘူး။

"မမြင်နိုင်ဘူး"

ငွေအပ်ကို အိတ်အတွင်းသို့ပြန်ထည့်ပြီး စက္ကူလူသားကို လက်နှင့်တစ်ချက် တောက်လိုက်၏။

တစ်သက်မှတစ်ခါပဲ တွေ့ဖူးတော့သည်။ ရွှဲရှန်ကို လက်နှင့်တောက်ရဲသူအား။ အနှီကတုံးသည် ချန်ကျန်းမြစ်အတွင်းမှ ရေများကုန်စင်အောင်သောက်လာပုံရ၏။ ဒေါသပုန်ထကာ လက်တုံ့ပြန်တော့မည့် ရွှဲရှန်သည် သွေးအမှတ်ဆိုသောစကားကြောင့် တုံ့ကနဲရပ်သွားသည်။ ကြိုးစားမှု၏ရလဒ်အရ ရွှမ်းမင်လက်အတွင်းမှ ကိုယ်အားလိမ်ဖယ်ရင်း အကြံပေးအားကြည့်နိုင်သွားသည်။

အကြံပေး၏နားထင်အနား ဘယ်နားရွက်ထိပ်၌ အမှန်ပင် သွေးစများပျံ့ကျဲနေသလို အနီရောင်အမှတ်အသားအချို့ ရှိနေသည်။

သွေးအမှတ်ရှိရာသို့ကြည့်ရင်း စက္ကူလူသားခန္ဓာကိုယ်သည် တုန်ယင်လာသည်။ ဘယ်လောက်ကြာကြာ ဖိနှိပ်ထားသည်ကို မှန်းဆ၍တောင်မရသော ဒေါသများနှင့်အမုန်းတရားများသည် ကျော်လွှားရန်ကြီးမားလှသော လှိုင်းလုံးကြီးနှင့်အတူ ဖိတ်စင်ကျမတတ်ပင်။

စိုစွတ်သောကမ်းခြေထက်၌ လဲလှောင်းနေသလို ကောင်းကင်ကလဲ မှောင်မည်းနေပြီး ငန်ကျိနေသော ဒီရေများကလည်း ကိုယ်ကိုဖြတ်တိုက်နေသည်။ မုန်တိုင်းနဲ့အတူ မိုးကြိုးနှင့်လျှပ်စီးများကလည်း မဆုံးနိုင်သောအရာများကဲ့သို့ မြည်ဟီးနေကြသည်။ခန္ဓာကိုယ်ထက် ကျဆင်းလာသော မိုးရေစက်များသည် မြားချက်များနှယ်။ မျက်စိလည်လမ်းမှားရောက်ရှိလာသူသည် အသည်းခိုက်အောင်နာကျင်မှုဒဏ်ကြောင့် မလှုပ်ရှားနိုင်ပဲ ထောင်သောင်းချီလှသော ပုရွက်နီတို့မှ တစိစိကိုက်ဖျက်နေသယောင် ထင်မှတ်နေ၏။

တစ်စုံတစ်ယောက်သည် အရိုးတွေကို ဆွဲထုတ်သွားခဲ့၏။ ဘယ်သူမှန်းတော့ သေချာမမြင်ရခဲ့။

ထိုနေ့အားအမှတ်ရပြီး ကိုယ်စိတ်နဲ့ကိုယ် ခံစားချက်များလျံကျနေတုန်းမှာ အကြံပေးသည်လည်း နားရွက်ကိုကိုင်နေဆဲဖြစ်သည်

"မမြင်နိုင်ဘူးဆိုတာဘာကိုပြောတာလဲ?အဓိပ္ပာယ်မရှိလိုက်တာ..ဒီမှာကိုယ်တော်.မျက်ခုံးရိုးနှစ်ခုကြားအားလျော့နေတာတို့မကြာခင်အန္တရာယ်ကြုံရတော့မှာတို့ကဆရာယောင်ယောင်တွေပြောနေကြစကားတွေဖြစ်ပေမယ့်သွေးအမှတ်ဆိုတာကဘာကြီးလဲ?"

သွေးအမှတ်ဆိုတာဘာလဲတဲ့လား?

ရွှဲရှန်သည် အကြံပေးအား မမှိတ်မသုန်ကြည့်နေဆဲဖြစ်၏။

ထိုကဲ့သို့သောအမှတ်သည် နက်ရိုင်းလှသော အမုန်းတရားများကို သယ်ဆောင်ထားသူထံမှ လွင့်စင်လာသော သွေးစက်များကြောင့်သာဖြစ်သည်။ ရန်သူအားအမှတ်မမှားစေရန် သွေးအမှတ်အား ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။ အစောဦးပိုင်းတွင်ရွှဲရှန်သည် မည်းမှောင်နေသော အိတ်ကပ်တွင်း ကျဥ်းကျုပ်စွာနေခဲ့ရပြီး ရွှမ်းမင်နဲ့လည်း တိုက်ခိုက်နေဆဲဖြစ်၍ မသိမမူမိခြင်းဖြစ်သည်။ ယခုတွင်တော့ အာရုံစိုက်မိသည်ဖြစ်၍ အကြံပေးလျိုထံမှ အနံ့ကိုလည်း ရူရှိုက်မိသွားသည်။

သွေးအမှတ်ထံမှ ထွက်ပေါ်လာသောရနံ့ဖြစ်ပြီး သံချေးအနံ့နှင့် နည်းနည်းဆင်သည်။ ရွှဲရှန်နှင့် အလွန်ရင်းနှီးလှသောထိုရနံ့သည် သူ့သွေးနံ့ပင်ဖြစ်နေလေ၏။

သတိပြန်ဝင်လာသောနေ့မှစပြီး ရွှဲရှန်သည် အရိုးများထုတ်ယူသွားသူကို လိုက်ရှာနေခဲ့၏။ ဘယ်လိုပုံမှန်းလည်းမသိ ဘယ်ကလာတာလည်းမသိတာကြောင့် အစအနလည်း ပျောက်နေခဲ့သည်။ ကမ်းခြေမှာလဲနေစဥ်အခါက သူကိုယ်တိုင်အမှတ်အသားပြုခဲ့သော သွေးနံ့သည် တစ်ခုတည်းသော ဦးတည်ရာဖြစ်၏။

ကမ်းခြေသို့ ထိုနေ့ကလာရောက်သောသူများသည် တစ်ရာမျှပင်ရှိပြီး ကျန်ခဲ့သောခြောက်လ၌ ထိုလူများထဲတွင် တွေ့ဆုံခဲ့သောလူအချို့ထံမှ ရွှဲရှန်သည် မတိကျမရေရာသော အချက်အလက်များကိုသာရလိုက်၏။ ဤမျှသေးငယ်လှသော သဲလွန်စနောက်လိုက်ရသည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလိုဖြစ်နေ၏။

နှစ်ဝက်ခန့်ကတည်းက ရွှဲရှန်သည် တရားခံအား မြန်နိုင်သလောက်မြန်မြန်ဖမ်းမိရန်အလို့ငှာ ဟွားမန်မှဒီတစ်လျှောက် သဲလွန်စတွေနှင့် ခြေရာခံလိုက်လာခဲ့သည်။

ရွှမ်းမင်လက်တွေနှင့် နပန်းသတ်ရန်ကြိုးပမ်းနေသော စက္ကူလူသားသည် ရုတ်တရက်ငြိမ်ကျသွားတာကြောင့် အရှုံးကိုလက်ခံကာ ပြဿနာမရှာလောက်တော့ဘူးလို့ ရွှမ်းမင်ယူဆလိုက်သည်။ ရွှဲရှန်ကို အိတ်အတွင်းပြန်ထည့်ရင်း အကြံပေးလျိုဘက် တစ်ချက်ကြည့်ကာ

"ဒီကနေ့သေသင့်တာဖြစ်ပေမဲ့တစ်စုံတစ်ယောက်ကအစားထိုးသွားလိမ့်မယ်"

ထို့နောက် အကြည့်ကိုပြန်ရုတ်သိမ်းကာ နောက်ဆုံးစကားဆို၍ ထွက်ခွာသွားတော့သည်။

"ယုံတာမယုံတာကတော့ကိုယ့်သဘောပဲ"

ဒီလောက်မျှတောင်ပြောဆိုခဲ့ပြီးနောက် ဒီတိုင်းထွက်သွားလို့တော့ရမယ်မထင်။

အကြံပေးလျိုသည် သေစကားပြောနေခြင်းအား ဒေါသထွက်လှပေမဲ့ ဘာကိုယုံကြည်ရမလဲ မသိတော့။ တစ်ဖက်မှာက ဘုန်းကြီးအယောင်အဆောင်သည် ပေါက်ကရပြောနေသည်ဟုထင်မိပြီး တစ်ဖက်တွင်လည်း မိမိဘဝအရေးဖြစ်တာကြောင့် ရတတ်မအေးလှ။

အယောင်ဆောင်ဆယ်ယောက်တွင် ရှစ်ယောက်ကိုးယောက်လောက်က ထိုသို့နည်းလမ်းသုံးနေကြဖြစ်၏။ ပထမဆုံးတွင်ကျရောက်အံ့ဆဲဆဲဖြစ်သော အန္တရာယ်ရှိသည်ဆိုကာ လူအများအား စိုးရိမ်ပူပန်မှု ကြီးထွားအောင်လုပ်မည်။ ပြီးလျှင်ကိုယ်ကိုယ်၌က အလွန်ကိုယ်ကျင့်သိက္ခာကောင်းမွန်လှပုံနှင့် လှည့်ထွက်သွားမည်။ ထိုအခါလူအများထဲမှ တချို့က "တကယ်ပဲအန္တရာယ်ရှိနေတယ်ဆိုရင်ကော၊ မရောက်လာသေးရင်လည်းကြိုတင်ပြီး" စသဖြင့်တွေးတောကုန်ကာ ငါးစာကိုက်မိပြီးသား ဖြစ်သွားကြသည်။

အကြံပေးလျိုလည်း ထောင်ချောက်တွင်းမဆင်းမိစေရန် ကိုယ့်ကိုယ်ကိုသတိပေးကာ ရဲမက်များကို အမိန့်ပေးလိုက်၏။

"ဓားတွေထုတ်ပြီးအဲ့ကိုယ်တော်ကိုခေါ်လာခဲ့ကြ"

ရုံးတော်ကလူကိုမှသွားလှည့်စားတယ်၊ ဒီကိုယ်တော်ကိုယ့်ဒုက္ခကိုယ်ရှာနေတာလား?

ရဲမက်များသည် ရွှမ်းမင်လက်ကို တစ်ဖက်တစ်ချက်ဆွဲလိုက်ချိန်တွင် ဟောဟဲစိုက်နေသော အသံကိုကြားလိုက်ရသည်။

"သခင်ကြီး!သခင်ကြီး!မကောင်းတော့ဘူး"

ရွှမ်းမင်မှလွှဲပြီး အကုန်လုံးလှည့်ကြည့်လိုက်သောအခါ အစေခံငယ်လေးသည် ခလုတ်တိုက်လုမတတ် ပြေးလာသည်အား တွေ့လိုက်ရ၏။ အကြံပေးလျိုရှေ့ရပ်ကာ လူငယ့်မျက်နှာကလည်း ကြောက်ရွံ့ထိတ်လန့်မှုတွေနှင့် ပြည့်နေသည်။

"သခင်ကြီး!သခင်လေး..သခင်လေး ရေတွင်းထဲပြုတ်ကျသွားတယ်"

"ဘာ"

ရဲမက်များကြားထဲရှိနေဆဲဖြစ်သော ဘုန်းတော်ကြီးထံ ဒူးများယိုင်ကျကာ တကိုယ်လုံးတုန်ယင်နေသော အကြံပေးလျို၏ အကြည့်များရောက်ရှိလာသည်။ အိမ်ကိုပဲပြန်ပြေးရမလား?ဒီကိစ္စကိုရွှမ်းမင်နဲ့ပဲအရင်ရှင်းရမလား?မစဥ်းစားတတ်တော့ပဲဖြစ်နေသည်။

"သခင်ကြီး!"

အစေခံလေးနောက်အား အကြံပေးလျိုလည်း အထိတ်တလန့်ဖြင့် တောင်စဥ်ရေမရဖြစ်နေသော ခြေလှမ်းများနှင့် လိုက်ပါသွား၏။ ခေါင်းမှာအဆမတန်လေးလံနေပေမဲ့ ခြေထောက်များမှာတော့ ရှိနေတယ်ပင် မထင်ရသည်အထိ ပေါ့ပါးနေသည်။ ခြေလှမ်းအနည်းငယ်သာလှမ်းပြီး ရုတ်တရက်ပြန်လှည့်လာကာ

"လွှတ်လိုက်!!..သူ့ကိုလွှတ်ပေးလိုက်ကြ"

ရွှမ်းမင်အင်္ကျီလက်အားဆွဲပြီး

"မင်း..မင်း...နေဦး...ငါနဲ့လိုက်ခဲ့ရမယ်"

ရွှမ်းမင်မျက်မှောင်ကျုံ့ကာ ရွံရှာသောအသွင်ဖြင့် အင်္ကျီလက်ကိုပြန်ရုတ်လိုက်၏။ ငြင်းဆန်ရန်ဟန်ပြင်တဲ့အခါ အိတ်ကပ်ကလှုပ်သွားသည်ကို ခံစားလိုက်ရသည်။ အိတ်ကပ်ထဲတွင်ရှိနေသော စက္ကူလူသားသည် ရသည့်အခွင့်အရေးကိုယူကာ ထွက်ပြေးဖို့ကြံခြင်းဖြစ်သည်။ အကြံပေးလျို၏ အင်္ကျီလက်ကိုဆွဲကာ အရှိန်ဖြင့် အစေခံငယ်လေး ဝတ်ရုံလည်ခွံအားဖမ်းဆွဲရင်း ထွက်ပြေးလိုက်ပါသွားတော့သည်။

••••••

Copper Coins《铜钱龛世》Where stories live. Discover now