အခန်း ၄၂(စားပွဲထိုး ၃)

1.7K 460 53
                                    

Unicode

ရွှမ်းမင်သည် ဂျေးများလွန်းသူဖြစ်၍ ညစ်ပတ်ပေရေနေတာမျိုးကို သည်းငြီးခံနိုင်တာမဟုတ်။ ထို့ကြောင့် ငှားလိုက်သောအခန်းမှာ ပထမတန်းစားဖြစ်သည်။ ငွေစအများအပြားရှိနေသော်ငြားလည်း အခုလိုမျိုးအသုံးအဖြုန်းမကြီးသင့်။ ရွှမ်းမင်ငွေစတွေ ဘယ်လောက်ထိခံမလဲ ရွှဲရှန်တွေးဆနေမိသည်။

【အကယ်၍အကုန်လုံးသုံးလို့ကုန်သွားရင်ဘယ်ကနေထပ်ရှာမလဲ? ဒီကတုံးကလုပ်ရည်ကိုင်ရည်အစွမ်းမြင့်ပေမယ့်လည်းသူ့ကြည့်ရတာအဲ့ဒီအလုပ်အတွက်ငွေကောက်ခံမယ့်ပုံမပေါ်ဘူး】

ဤတည်းခိုဆောင်၏ အကောင်းဆုံးအခန်းသည် ကွေးယွင်တည်းခိုဆောင်အနား တစိုးတပါဒမျှ မနီးစပ်ပေမယ့် သန့်ရှင်းပြီး အခန်းကျဥ်း၏။ အပေါ်ထပ်ကိုခေါ်လာသော တည်းခိုဆောင်အလုပ်သမားသည် ပရိဘောဂအချို့ကို အမြန်နေရာချပေးပြီး လက်ဖက်ရည်နွေးနှင့် လက်ဆေးရေဇလုံကို ယူလာပေး၏။

"ကျွန်တော်ကအမြဲတမ်းအပေါ်ထပ်မှာရှိနေမှာမလို့တစ်ခုခုလိုအပ်တာရှိရင်လှမ်းခေါ်လိုက်ပါ"

မပြန်ခင် ပြောသွားသည်။

တည်းခိုဆောင်တွင် အနားယူရန် အခန်းငှားခဲ့ပေမယ့် တကယ်တမ်းမှာ လုညန့်ချီနှင့်ရှီထို့ကျန်းသာ လိုအပ်သည်။ ကျန်းရှီနင်က တစ္ဆေဖြစ်ပြီး ရွှဲရှန်မှာ အိပ်စရာအဲ့လောက်မလို။ ရွှမ်းမင်ကတော့...

ရွှဲရှန်သည် ရွှမ်းမင်ကို လူသားတစ်ဦးလို့ မသတ်မှတ်တော့သည်မှာ ကြာလို့နေပြီ။

【အစားလည်းမစားသလိုအိပ်လည်းမအိပ်–ဘာများဖြစ်နိုင်မလဲ?】

ကိုယ်တစ်ပိုင်းသေနေသောအမည်းရောင်နဂါးသည် တစ်နေ့လုံး ရထားလုံးအစောင့်ခံရင်း အချိန်ကုန်ခဲ့ရ၏။ ခြေထောက်မှာ ခံစားမှုမရှိတာကြောင့် တစ်ကိုယ်လုံးကို တင်ပါးထက်မှီတွယ်ပြီး အနားယူလာခဲ့သည်။ အခုအချိန်မှာတော့ ကျိန်းစပ်စပ်ဖြစ်ချင်လာသည်။ အနှီဘိုးဘေး ကြွက်သားများအနားရပြီး အင်အားပြန်ရစေရန် အခန်းထဲဝင်သည်နှင့် အိပ်ရာထက် ရွှဲရှန်ကိုတန်းချပေးလိုက်သည်။

Copper Coins《铜钱龛世》Where stories live. Discover now