The Misfortune

9.2K 416 16
                                    

zawgyi

"Kris" Kris ရဲ့ ရင်ခွင်ထဲမှာ ကျောလေးမှီထိုင်ရင်း Chanyeol တစ်ယောက် နူးညံ့သောအသံလေးဖြင့် ခေါ်လိုက်လေသည်။

"ဟင်?" Kris က TV ကြည့်မပျက်ပဲ ပြန်ထူးလိုက်သည်။ TV ဖန်သားပြင်ပေါ်တွင်တော့ မျက်နှာဖုံးအဖြူရောင်ဖြင့် မျက်နှာတစ်ပိုင်းကို အုပ်ထားသော အရပ်မြင့်မြင့် အမျိုးသားတစ်ဦးက သူ့ချစ်သူဟုထင်ရသော မိန်းခလေးအတွက် သီချင်းတစ်ပုဒ်ကို အသံအားကောင်းကောင်းဖြင့် သီဆိုပြနေလေသည်။

လျှို့ဝှက်ချက်များစွာကို ဖုံးကွယ်ထားသော မျက်နှာဖုံးတစ်ခု

Chanyeol တစ်ယောက် သူ့အတွေးသူ ဖြေလျော့ကာ သက်ပြင်းခပ်တိုးတိုးချလိုက်သည်။ သို့သော် ထိုအတွေးက ပျောက်ပျက်မသွား... Kris က သူ့ရင်ခွင်ထဲမှ အလိုမကျ၍ ချစ်စရာကောင်းလောက်အောင် မျက်နှာလေးရှုံ့မဲ့နေသော Chanyeol ကို  ငုံ့ကြည့်လိုက်သည်။ ထို့နောက် ရှုံ့နေတဲ့ နှာခေါင်းလုံးလုံးလေးကို လက်ချောင်းထိပ်လေးတွေနဲ့ ခပ်ဖွဖွ ဆွဲညှစ်လိုက်လေသည်။

"ဘာဖြစ်လို့လဲ Yeollie လေးရဲ့?"

"မင်း.." Chanyeol က လေသံတိုးတိုးလေးဖြင့် ဖြေရင်း Kris ကို ရင်ခွင်ထဲမှ မော့ကြည့်လိုက်လေသည်။

Kris တစ်ယောက် Chanyeol ရဲ့ မျက်ဝန်းလေးတွေကို ငေးမောရင်း ဆက်လာမည့်စကားလုံးတွေကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေမိလေသည်။

"တစ်ခါတစ်လေဆိုရင်... ငါ့ကိုယ်ငါ တစ်ခါမှမသိကျွမ်းဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့ ချစ်နေရတယ်လို့ ခံစားမိတယ်.... မင်းအကြောင်း ဘာတစ်ခုမှ ငါ မသိဘူး... ငါသိချင်တယ်... မင်းရဲ့အကြောင်းတွေကို အကုန် ငါသိချင်တယ် Kris... မင်းအစစ်ကို ငါသိချင်တယ်.."

"Yeol... ငါက အစစ်ပါကွ"

"ဟင့်အင်း.. မဟုတ်ဘူး.. ဒါက မင်းရဲ့ အပေါ်ယံမျက်နှာဖုံး တစ်ခုပဲ.." Chanyeol ရဲ့ အသံတွေက ဖြေရှင်းချက်စကားလုံးတွေပေးရင်း မသိမသာအက်ကွဲ တုန်ရင်လာလေသည်။ "ငါ မင်းကို ဒီထက်ပိုပြီး နက်နက်နဲနဲ သိချင်တယ် Kris... မင်းခံစားခဲ့ရတဲ့ဝေဒနာတွေ... မင်းကို ခုလိုဖြစ်စေတဲ့ အကြောင်းရင်းတွေ.. ငါ အကုန်သိချင်တယ်... ဘာလို့လဲဆိုတော့.. မင်းမျက်ဝန်းထဲက နာကျင်မှုတွေကို အချိန်တိုင်းတွေ့နေရတယ်.. ငါ... ငါ မင်းကို အဲ့ဒီ ဝေဒနာတွေ ပျောက်ကွယ်သွားအောင် ကူညီပေးချင်တယ်.. ကုန်ကုန်ပြောရမယ်ဆိုရင်.. Kris! ငါ မင်းရဲ့ ရှိရှိသမျှအကြောင်းတွေ အားလုံးကို သိချင်တယ်! တစ်ချိန်လုံး ဒဏ်ရာတွေကို ဖုံးကွယ်ထားပြီး အရာရာ ပြီးပြည့်စုံချင်ယောင်ဆောင်မနေနဲ့တော့ Kris! ဒီလောကကြီးမှာ ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူးကွ!"

But I Hate YouWhere stories live. Discover now