Today More Than Yesterday

7K 432 4
                                    

zawgyi

Chanyeol တစ်ယောက် သူကိုယ်သူ ဒီလိုနည်းမျိုးနဲ့တော့ ဘယ်လိုမှ အသေမခံနိုင်.. အနည်းဆုံးတော့ ဂုဏ်သိင်္ခါရှိရှိနှင့် သူ့ဘဝကို နိဂုံးချုပ်ချင်သည်။ အနည်းဆုံးတော့ ကြိုးစားပြီးမှ ဒါမှမဟုတ်... သူ့ရည်မှန်းချက်ကို အကောင်အထည် ဖော်ပြီးမှ... သေရမည်မဟုတ်ပါလား?

မပျော့ညံ့စမ်းနဲ့ Chanyeol... အားတင်းထားပြီး ပြန်ခုခံလေကွာ...

သူ့တွင် ရှိသမျှခွန်အားကုန်သုံးကာ Chanyeol တစ်ယောက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်၍ သူ့ခန္ဓာကိုယ်ကို အမဲဖြတ်နေသောသူရဲ့ အကျည်းတန်တဲ့ မျက်နှာပေါ်သို့ အားပါပါနှင့် ထိုးချလိုက်လေတော့သည်။

"အာ့!"

Chanyeol ရဲ့ လက်သီးအရှိန်ကြောင့် Jun Se တစ်ယောက် နောက်ပြန်ကျသွားလေတော့သည်။ ထိုအခွင့်အရေးကို Chanyeol တစ်ယောက် ကောင်းကောင်းအသုံးချကာ လဲနေရာမှ အမြန်ထထိုင်လိုက်ပြီး ကားတံခါးဆီသို့ ရှိသမျှလက်ကျန်ခွန်အားဖြင့် တွားသွားကာ ဖွင့်ရန်ကြိုးစားလေသည်။

"မင်း! ခွေးကောင်!" Jun Se တစ်ယောက် ကျိတ်ရယ်လိုက်ပြီး ပြန်ကုန်းထကာ Chanyeol နားသို့ ပြန်လည်တိုးကပ်လာလေသည်။ "ငါ့ကိုအာခံတယ်ပေါ့လေ? ဒါပေမယ့်.. စိတ်မကောင်းပါဘူးကွာ... မင်း ငါ့လက်က မလွတ်နိုင်ပါဘူး... မင်းထက်ငါက ပိုဝါရင့်တယ်ဆိုတာ မသိဘူးလား?"

Chanyeol တစ်ယောက် သူ့လက်တွေနှင့် Jun Se ကို အလိုအလျောက်တွန်းထုတ်ကာ လွတ်မြောက်ရန် ကြိုးစားသော်လည်း ရလဒ်က မျှော်မှန်းသည်နှင့် ဆန့်ကျင်ဘက်... Jun Se က Chanyeol ကို အမိအရဖမ်းချုပ်လိုက်ပြီး ကြိုးတစ်ချောင်းကိုထုတ်၍ Chanyeol ရဲ့ လက်ကောက်ဝတ်တွေကို ပူးတွဲချည်နှောင်လိုက်သည်။ ထို့နောက် ကြိုးရဲ့ တစ်ဖက်စွန်းကို ကားထိုင်ခုံလက်ကိုင်တွင် တွဲချည်လိုက်ကာ မလှုပ်ရှားနိုင်အောင် ချုပ်နှောင်လိုက်လေသည်။

အချုပ်အနှောင်ကြားမှ ရုန်းကန်လှုပ်ရှားနေသော သူ့ရှေ့မှ Chanyeol ရဲ့ အဖြစ်ကိုကြည့်ကာ Jun Se တစ်ယောက် မိစ္ဆာတစ်ကောင်လို ဟက်ဟက်ပက်ပက်ရယ်မောလိုက်လေသည်။ ထို့နောက် ခန္ဓာကိုယ်ကို ကိုင်းညွတ်လိုက်ကာ Chanyeol ရဲ့ သွေးခြေဥနေတဲ့ နှုတ်ခမ်းတွေကို သူ့နှုတ်ခမ်းတွေနဲ့ ချုပ်နှောင်လိုက်ပြီး သွေးများထပ်မံစို့တက်လာအောင် အောက်နှုတ်ခမ်းသားကို ကိုက်ခဲတိုက်ခိုက်လိုက်ပြန်သည်။ ထိုအခါ နာကျင်မှုကြောင့် Chanyeol ရဲ့ ခန္ဓာကိုယ်လေးမှာ တွန့်ဆုတ်သွားလေတော့သည်။ Jun Se က သူ့ရဲ့လက်တွေကို Chanyeol ရဲ့ လည်ပင်းဆီသို့ ဦးတည်ရွေ့လျားလိုက်ပြီး အသက်မရှူနိုင်အောင် လည်မျိုကို တင်းကြပ်စွာညစ်ထားလိုက်သည်။ Chanyeol တစ်ယောက် အသက်ရှူကြပ်လာသဖြင့် Jun Se ၏ အချုပ်အနှောင်ကြားမှ လွတ်မြောက်အောင် ခြေထောက်တွေဖြင့် ကန်ကျောက်ကာ တွန့်လိမ်ကောက်ကွေးရုန်းကန်နေသော်လည်း အချည်းနှီးသာ....

But I Hate YouWhere stories live. Discover now