Hurt

3.7K 356 30
                                    

zawgyi

"Chanyeol.. ဘာတွေစဉ်းစားနေတာလဲ? လုပ်လိုက်တော့လေ" ထိုကျယ်လောင်သော အသံနှင့်အတူ အမှောင်ရိပ်ထဲမှ ဒေါက်တာ Choi ထွက်ပေါ်လာကာ Chanyeol ၏ နောက်ကျောဆီသို့ လျှောက်လာလေသည်။ "မတွေ့တာကြာပြီနော် Kris"

"မင်း.. ခွေးကောင်"

"အိုး.... အဲ့လိုမျိုး မနှုတ်ဆက်ရဘူးလေကွာ" Chanyeol ရဲ့ ပုခုံးကို ပုတ်ရင်း ဒေါက်တာ Choi က ပြောလိုက်လေသည်။ "ဟုတ်တယ်မလား.. Chanyeol"

Kris ရဲ့ ဒေါသမီးများ အရှိန်အဟုန်ဖြင့် ပေါက်ကွဲလေပြီ။ kris တစ်ယောက် ခါးကြားတွင်ထိုးထားသော သေနတ်ကို အမြန်ထုတ်ကာ Chanyeol ကို ထိကပါးရိကပါးလုပ်နေသော ဒေါက်တာ Choi ထံသို့ ချိန်ထားလိုက်လေသည်။ "ခင်ဗျားရဲ့ ညစ်ပတ်တဲ့လက်ကြီးကို ဖယ်လိုက်စမ်း! သတ်ပစ်လိုက်မယ် ဘာမှတ်နေလဲ?"

"ဟား.. ဟား... သတ်လေကွာ.. မင်း ငါ့ကို သတ်ရင်.. သူက မင်းကို သတ်မယ်.. ဟား...ဟား.." ဒေါက်တာ Choi ကတော့ အရယ်အမောပင် မပျက်ပေ။ Chanyeol ရဲ့ သေနတ်ပြောင်းဝကတော့ Kris ရဲ့ နှလုံးသားတည့်တည့်ကို ချိန်ထားလေသည်။

"ဘာပဲဖြစ်ဖြစ် ငါက သေမှာပဲ.. ဘယ်သူသတ်တယ် မသတ်တယ်ဆိုတာကို စောက်ဂရုစိုက်မနေဘူး"

"တယ်ဟုတ်ပါလား... မင်းရဲ့ စိတ်ကမာလှချည်လား.. ဟင်? Kris" ဒေါက်တာ Choi က လက်ကိုဖယ်မပေးသေး။ "ဒါပေမယ့်... မင်းရဲ့ မာတယ်ဆိုတဲ့စိတ်က အမှားကြီးတစ်ခုကြောင့် ပျော့ညံ့လွန်းအားကြီးသွားတယ်... မင်းစိတ်တွေ သူ့အပေါ် ယိုင်လဲခဲ့တယ်ဟုတ်? မင်း သူ့ကို ချစ်တယ် မလား? အဲ့ဒါ အမှားကြီးမှားတာပဲ.. ဘာလို့လဲဆိုတော့ သူက မင်းကို ဘယ်တုန်းကမှ မချစ်ခဲ့လို့ပဲ.. ဟား...ဟား...ဟား"

သေနတ်ဆုတ်ကိုင်ချိန်ရွယ်ထားတဲ့ Kris ရဲ့ လက်တွေက တုန်ရင်လာလေသည်။ ထို့ကြောင့် ပိုမိုတင်းကြပ်စွာ ဆုတ်ကိုင်ရင်း သေနတ်မောင်းခလုတ်ကို ဖိရန်အသင့်ပြင်ထားလိုက်သည်။

"မင်း အယုံသွင်းခံလိုက်ရပြီ... ဟား...ဟား... မင်းလို သိပ်တော်တဲ့ ထိပ်တန်းကြေးစားတစ်ယောက်က အချစ်ဆိုတဲ့ အရာတစ်ခုကြောင့် ထောင်ချောက်ထဲ ရောက်သွားတယ်ကော.. မင်းက ဒါကို အချစ်လို့ ထင်ခဲ့တာလား? ကျွတ်.. ကျွတ်.. သနားလိုက်တာကွာ.. မင်းဒီလောက် အထီးကျန်ပြီး စိတ်ကူးယဉ်ဆန်လိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ခဲ့ဘူး"

But I Hate YouWhere stories live. Discover now