🌈(1)

1.1K 65 3
                                    

(Uni ...)

Thailand City ............   

    ထိုင်းနိုင်ငံသည် စည်းလုံးညီညွတ်မှုကြောင့်နဲ့ထူးချွနိထက်မြတ်သောဘုရင်ကြီးအုပ်မိုးထားသောကြောင့်စီးပွားဖွံ့ဖြိုးတိုးတက်မှုဖြစ်ထွန်းလာခဲ့ပါသည်။
ထိုင်းနိုင်ငံရဲ့ ဘန်ကာက်မြို့ဟုအမည်သွင်ထားသောမြို့ကြီးတစ်မြို့ရှိပါသေးသည်။

အလှအပပြည့်စုံလွန်းပြီးသာယာသောမြို့၊စီးပွားရေးဖွံ့ဖြိုးသောမြို့၊ထိုင်းနိုင်ငံရဲ့နာမည်ကြီးတဲ့မြို့၊ ဗုဒ္ဓဘာသာ ၊သာသနာယုံကြည်ကိုးကွယ်ခဲ့သောမြို့ကြီးတစ်မြို့ဖြစ်ပါသည်။

   ချမ်းသာကြွယ်ဝသောသူဌေးသား၊သူဌေးသမီးများရှိခဲ့သလို၊ဆင်းရဲနွန်းနွဲ့ပြီးမသန်မစွမ်းသူများလည်းရှိခဲ့ပါတယ်။
  ကြင်နာတတ်သော၊မြတ်နိုးတတ်သော၊တိုင်းပြည်ကိုချစ်တတ်သောဘုရင်မင်းကြီးရဲ့ပြည်သူပြည်သားများဖြစ်ကြလို့
နေ့စဥ်ဘဝကိုငြိမ်းငြိမ်းချမ်းချမ်းနဲ့သာရှာဖွေစားသောက်လာခဲ့ရတယ်။

   နွေဦးချိန်ခါမို့လို့၊လေပြည်ညင်းတွေတိုက်ခိုက်ရင်းသစ်ရွက်ကလေးများကြွေဆင်းကာသာယာတဲ့ဥတုလေးနဲ့ဘန်ကောက်မြို့ရဲ့အလှတရားကိုနိုင်ငံခြားသား၊ခြားသူများလာရောက်နားဆင်ခံစားအလည်လာဖြစ်ခဲ့ပါတယ်။

    ပူအိုက်သောရာသီဥတုလေးဝင်လာတော့မို့လို့ပင်လယ်ကမ်းခြေမှာအလည်လာသူများပြည့်နေလျက်၊ပင်လယ်နားဟော်ဒယ်တိုင်းမှာအခန်းတွေနေရာပြည့်ချင်နေပါပြီ။

   တရုတ်လူမျိုးရော၊ကိုးရီးယားလူမျိုးရော၊အီတလီကရော၊မြန်မာလူမျိုးကရောဘေးပတ်ပတ်လည်ရှိနိုင်ငံပေါင်းများအပန်းဖြေရာနဲ့ခရီးရောက်လာခဲ့ကြပါတယ်။

    ကမ်းခြေနဲ့မနီးမဝေးလေးရပ်ကွက်များ၊ရပ်ရွာများ၊မြို့မဟုတ်သေးသောနေ့စဥ်သာမန်လူရှာဖွေစားသောက်နေထိုင်သူများ။

   ချမ်းသာဆိုလည်းမဟုတ်၊ဆင်းရဲလွန်းတယ်ဆိုလည်းမဟုတ်သေး၊နေ့စဥ်တိုင်းမငတ်တာဆိုပဲရှာဖွေစားသောက်နေရသောမိသားစုလေးတစ်စုပေါ့။
မိသားစုဆိုရလောက်အောင်လည်းမပြည့်စုံသေးဘူးပေါ့၊
ရှိတာကအမိနဲ့သမီးလေးတစ်ယောက်ပင်။
  သူတို့နေထိုင်ရာရပ်ကွက်မှာဆင်းရဲတဲ့အတန်းလေးပေါ့ကွယ်။
နေ့တိုင်းမှာအမိလေးမုန့်ရောင်းတဲ့သူ၊တိတ်မဝေးတဲ့စျေးတစ်စျေးမှာသွားပြီးနေတိုင်းမုန့်တွေရောင်းခဲ့ပါတယ်၊တစ်နေ့တာအသက်မွေးဝမ်းကြောင်းလေးပေါ့။
   သမီးလေးကကျောင်းပြီးသော်လည်းငွေးရေး၊ကြေးရေးမတတ်နိုင်လို့သူများလိုUniversity တို့၊ကောလိပ်တို့ဆက်မတက်နိုင်တော့ဘူး။အမိကိုကူပြီးစီးပွားထွက်ရှာရတော့သည်။
  အမေကိုနေ့တိုင်းမုန့်ကူလုပ်၊မုန့်ကူရောင်းနဲ့တစ်နေ့ပြီးတစ်နေ့အချိန်တွေကုန်သွားခဲ့တယ်။
ဒီနေ့လည်းကံကောင်းလို့လားစောစောပဲမုန့်တွေရောင်းကုန်သွားခဲ့တယ်။ စောစောပဲအိမ်ကိုပြန်လာဖြစ်တော့တယ်။
  ဆန်မုန့်ကိုသရက်သီးနဲ့အုန်းရည်ရောပြီးပေါင်းထားသောကြောင့်အနံ့လေးမွေးအိပြီး၊မုန့်လေးကနုအိနေရောပေါ့။

Ĺove Ón FiřeWhere stories live. Discover now