🌈(2)(Uni&ZG)

704 44 4
                                    

(Uni)

######

    Lisa တို့၃ယောက်သားအချိန်ကြာတန်တန်ရေဆော့ပြီးအဝတ်အစားတွေကလဲစိုရွဲနေပြီ
လို့  ......

"တော်ကြပြီလေ အေးနေပြီ ကမ်းခြေတက်ရအောင်"

"နင်အရင်တက်နှင့်လေငါတို့နဲနဲလေးထပ်ဆော့ပြီးရင်လိုက်လာမယ်"

"အင်း သဘောအရမ်းတော့မကြာနဲ့နော်"

"ဟုတ်"

  Lisa အရင်တက်လာခဲ့သည်။
သဲတွေပုံပေါ်ထိုင်ချရင်းနဲ့သူတို့နှစ်ယောက်ရေပြေးဆော့နေတာကို၊ထိုင်ကြည့်နေခဲ့သည်။
အချိန်ကည ၅နာရီလောက်ရှိပြီပေါ့ လူတွေတော်တော်များများတိတ်မရှိပေမဲ့ ကမ်းခြေပေါ်မှာလမ်းလျောက်နေသူများ၊ပင်လယ်ထဲရေကူးဆော့နေသူများတော့နဲနဲပါးပါးကျန်ပါသေးတယ်။
နီးစပ်ရာ ကျောက်ခဲတုံးလေးကိုကောက်ယူပြီးပင်လယ်ထဲကိုအမှတ်တမဲ့ပစ်ဆော့နေတော့ရာ
အမှတ်မထင်ရာကျွန်မမျက်လုံးကသူစိမ်းတစ်ယောက်သောသူကို
အကြည့်ရောက်သွားခဲ့သည်။
ကျွန်မနဲ့တိတ်မနီးပေမဲ့အရမ်းတော့မဝေးပါဘူးမျက်နှာကိုကောင်းကောင်းမြင်နိုင်အထိ။
မိန်းကလေးတစ်ယောက် ဝတ်စားဆင်တာလဲမြို့ကြီးသူသားတွေ အတိုအပြတ်လေးနဲ့ပေါ်တဲ့နေရာမှာလဲပေါ်နေ၊အရပ်မောင်းလေးလဲကိုယ်လောက်ဖြစ်ဖြစ်ထင်တယ်၊အသားအရေကလဲ ဝင်းဝါနုဖတ်နေလို့ လက်ထဲမှာတော့ camera တစ်လုံးနဲ့။

ကျွန်မသူ့ကိုမငေးပါဘူးဆိုပေမဲ့
အကြည့်တွေကသူ့ဆီရောက်ရောက်နေဆဲပါ။ ခြေဖျားကနေ
အပေါ်ကိုကြည့်တက်လာရင်းနဲ့
သူ့ရဲ့လည်တိုင်ကနေနှုတ်ခမ်းလေးပြီးရင်နှာတံစင်းစင်းလေး
ဒါပေမဲ့ ဆက်ကြည့်လို့မရတော့အောင် သူ့မျက်လုံးလေးကမျက်မှန်အမည်းကြီးနဲ့တပ်ဆင်ထားတယ် ဆံပင်အရောင်လေးက နီနက်ရောင်လေးနဲ့ကောက်ကောက်ထားခဲ့တယ်။

ခနနေတော့ သူCamera ယူပြီး ပင်လယ်နဲ့နေလုံးကြီးရဲ့အလှကိုရိုက်ယူနေခဲ့တယ်။တစ်ဖြည်းဖြည်းနဲ့သူကျွန်မဘက်ကိုလမ်းလျောက်လာရင်း၊ဓာတ်ပုံရိုက်ရင်းနဲ့ရိုက်ထားသောဓာတ်ပုံကိုကြည့်ရင်းနဲ့နှုတ်ခမ်းပေါ်ကအပြုံးလေးလှမ်းမြင်နေရတယ်။

Ĺove Ón FiřeWhere stories live. Discover now