အပိုင်း(၇)

1.8K 157 5
                                    

ဒေါက်...ဒေါက်

ခ တံခါးခေါက်နေတာကြောင့်တံခါးလေးထဖွင့်ပေးလိုက်လေသည်၊၊

"အယ်....ခ
ဆေးလိပ်တွေသောက်နေတာကြည့်စမ်း"
ဆောင်းခ လက်ထဲကစီးကရက်ကိုလုယူလိုက်သည်၊၊

ခ လည်းဆောင်းကိုစားပွဲပေါ်ကစီးကရက်ခွက်လေးကိုလက်ညှိုးထိုးပြပြီးကုတင်ပေါ််မှာထိုင်ချလိုက်သည်၊၊ဆောင်းကလည်းစီးကရက်ခွက်ထဲမှာစီးကရက်လေးကိုမီးငြိမ်းသတ်လိုက်ပြီးခ ဘေးမှာထိုင်ချလိုက်သည်၊၊

"ဒီရက်ပိုင်းတွေတော်တော်စိမ်းကားနေတယ်နော်"

ခ ဒူးလေးတစ်ဖက်ထောင်ထိုင်လိုက်ကာ
"စတူဒီယိုမှာအသံသွင်းနေရတာနဲ့မအားလို့ပါ"

ဆောင်းထပ်ပြီးနှုတ်ခမ်းလေးဆူကာ
"ဆေးလိပ်တွေမွှန်ထူနေတာပဲ
ဘာလို့အဲ့လောက်သောက်ရတာလဲ
ခ နှုတ်ခမ်းလေးတွေပျက်ဆီးကုန်မှာပေါ့
ပြော စိတ်ညစ်စရာတွေရှိလို့လား"

"ဆောင်း...."
မိုး ခ အခန်းအရှေ့ကနေခေါ်လိုက်လေသည်၊၊

ဆောင်းကလည်းခ လက်မောင်းလေးကိုဖက်တွယ်ပြီး
"အခန်းပြင်မနေနဲ့တော့မမ
ဆောင်း ခနဲ့ပဲအိပ်မယ်"

"ဆောင်း....
သူများကိုမနှောင့်ယှက်ရဘူးလေ"
မိုး ဆောင်းရဲ့လက်တစ်ဖက်ကိုဆွဲကာခေါ်လေသည်၊၊

ဆောင်းကလည်းခ လက်မောင်းကိုမလွှတ်ဘဲ"ခ မရဘူးလား....မရဘူးလားဟင်"

မျက်နှာငယ်လေးနဲ့တောင်းဆိုနေတဲ့ဆောင်းကြောင့်ခ ကပဲကြားကဝင်ပြီး
"သူအိပ်ချင်အိပ်ပါစေ"

မိုး ခကိုထုတ်ဖော်မပြောပေမဲ့မျက်ဝန်းတွေကတော့အဓိပ္ပာယ်တွေဖော်ကျူးလျက်.....

မိုး အခန်းထဲမှထွက်သွားတော့ခ လည်းမျက်စိတဆုံးလိုက်ကြည့်နေသည်၊၊

"ခ..... မနက်ဖြန်မနက်ကျမေမေဆုံးတဲ့နေ့မို့မမနဲ့ဆောင်းတို့မိဘမဲ့ကလေးတွေကိုသွားလှူဖို့....အဲ့တာခ အားရင်လိုက်ခဲ့ပါလား"

"ဟုတ်လား....ခ လိုက်ခဲ့မယ်နော်"

ဆောင်းကတော့လိုချင်တာရသွားတဲ့ကလေးတစ်ယောက်လိုပျော်မြူးပြီးခ ကိုပွေ့ဖက်ထားလိုက်သည်၊၊

သံစဥ်မညီတဲ့တေးသွားKde žijí příběhy. Začni objevovat