၃နှစ်ခန့်ကြာသော်
အခုဆိုခ ကလည်းအောင်မြင်တဲ့အဆိုတော်ဖြစ်နေလေပြီ၊၊အရာရာပြည့်ပြည့်စုံစုံနဲ့ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်လေပြီ၊၊
"သမီးငယ်လေး....
သမီးငြင်းမယ်ဆိုတာသိပေမယ့်လည်း
မေမေလည်းအသက်ကြီးပြီသမီးရယ်....
ကိုယ့်သမီးလေးနဲ့တစ်ကွဲတစ်ပြားကြီးမနေချင်တော့ဘူး....
မေမေနဲ့လိုက်ခဲ့ပါလားသမီးလေးရယ်"ခ လက်လေးပိုက်ကာထိုင်နေရင်းဖြင့်
"ခ အခုဆိုကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့လူတစ်ယောက်ဖြစ်နေပြီ
ဒီစကားပြောဖို့ဆိုပြန်လိုက်တာကောင်းမယ်"အမေဖြစ်သူကထပ်ပြီး
"အဲ့လိုပြီးပြည့်စုံနေလို့မေမေကပိုပြီးစိတ်မချတာ....မေမေ့ကိုဒီတစ်ခါတော့လိုက်လျောပေးပါလားကွယ်"ရုတ်တရတ်ခ အတွေးထဲဒဏ်ရာတွေပေးခဲ့တဲ့အမျိုးသမီးကိုအတွေးထဲပေါ်လာတာကြောင့်"ကောင်းပြီလေ....ခ လိုက်ခဲ့မယ်"
"ကလေးမလေးတွေ.....
ကားပေါ်ကအထုပ်တွေသွားချကြ
ဟိုကောင်မလေးတွေ....နင်တို့အခန်းကို
သန့်ရှင်းလေးလုပ်ပေးပြီးပြီလား""ဟုတ်ကဲ့"
အမေဖြစ်သူကလက်ညှိုးညွှန်ပြီးအိမ်အကူကောင်မလေးတွေခိုင်းစေလေသည်၊၊
ခ ကတော့ဧည့်ခန်းထဲကဆိုဖာမှာထိုင်လိုက်လေသည်၊၊"ဟိုကောင်မလေ....
မမမိုးကိုအပေါ်ထပ်မှသွားခေါ်ချည်"အမေဖြစ်သူခိုင်းလိုက်တာကြောင့်ကောင်မလေးကကပျာကပျာအပေါ်ထပ်သို့ပြေးတက်သွားလေသည်၊၊
ခဏကြာတော့....
သွေးအေးအေးနဲ့လူတစ်ယောက်ရဲ့ရင်ကိုဒဏ်ရာတွေထိုးသွင်းသွားတဲ့အမျိုးသမီးရောက်လာလေသည်၊၊
ခ ရဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်ရင်း
"အမေ....မိုးကိုခေါ်တယ်ဆို"အမေဖြစ်သူကခ ပခုံးလေးကိုဖက်ပြီး
"ဒါသမီးယောင်းမ....
နေမင်းခရဲ့ညီမလေးငယ်လေးကြယ်စင်ခ"ခ မျက်နှာကိုရှေ့တည်တည့်သို့လှည့်ပြီးမဲ့ပြုံးပြုံးလိုက်ကာ
"သြော်....
တွေ့ရတာဝမ်းသာပါတယ်ယောင်းမ"
YOU ARE READING
သံစဥ်မညီတဲ့တေးသွား
Short Storyအချစ်ဆိုတာ.... နာကျင်စရာတွေ ရင်ခုန်ပျော်ရွှင်စရာတွေနဲ့ ဖွဲ့စည်းထားသည်😘😘