"ဟေး....ခင်ဗျား
ကျူပ်ကူသယ်ပေးမယ် ပေးပေး"
ကြယ်စင်ခတစ်ယောက်တံမြတ်စည်းနဲ့ဂေါ်ပြားတစ်ထောင်ထောင်နှင့်အထုပ်ပေါင်းများစွာလက်မှာပြည့်နေတဲ့မိုးကိုကူပေးလိုက်လေသည်၊၊"ရပါတယ် ပြန်ပေး"
"ခင်ဗျားဟာကျူပ်မခိုးပါဘူး
ဘာဝယ်ဦးမှာလဲ"
ကြယ်စင်ခဘောက်ဆတ်ဆတ်လေးပြန်ပြောလိုက်သည်၊၊မိုးဟေမန် ကြယ်စင်ခပခုံးလေးကိုရိုက်ပြီး
"ကောင်းကောင်းပြောစမ်း""အား....လူကိုရိုက်တယ်
ဂေါ်ပြားတစ်ထောင်ထောင်နဲ့ခင်ဗျားရှိုးပဲ့နေတာကိုကူလည်းကူပေးရသေးတယ်"မိုးဟေမန် နှုတ်ခမ်းလေးဆူပြောနေတဲ့ပါးဖောင်းဖောင်းလေးနဲ့ကလေးမလေးကိုကြည့်ပြီးအသဲတွေယားလာမိသည်၊၊
"ဟေး.....
ဒီမှာခင်ဗျားမတ်တပ်ရပ်ပြီးတရားမှတ်နေတာလား ဝယ်စရာမရှိတော့ရင်လည်းပြန်ကြမယ်လေ"ကြယ်စင်ခပြောပြီးစျေးပေါက်ဝကိုလျှောက်သွားလေသည်၊၊မိုးဟေမာန်လည်းနောက်ကနေအမြန်လိုက်လေသည်၊၊
"ရပြီလား...."
မိုးဟေမန် တံမြတ်စည်းနဲ့ဂေါ်ပြားကိုလက်တစ်ဖက်ကကိုင်ပြီးတစ်ဖက်ကကြယ်စင်ခခါးလေးကိုဖက်ထားလိုက်လေသည်၊၊
မိုးဟေမာန်ရဲ့လက်သွယ်သွယ်လေးတွေကသူမခါးဆီရောက်လာသည်နှင့်ကြယ်စင်ခအလိုလိုပြုံးမိပြန်သည်၊၊
ရုတ်တရတ်ဖြတ်သွားတဲ့ကားရဲ့အချိုးမပြေမှုကြောင့်မှောက်တော့မယ့်စက်ဘီးကိုကြယ်စင်ခမနည်းထိန်းလိုက်ရသည်၊၊
"မသာတွေဘယ်လိုမောင်းနေတာလဲ
စောက်ရေးကိုမပါဘူး"ယိုင်ကျသွားတာကိုမနည်းထိန်းလိုက်တာမို့ဘာမှမဖြစ်ပေမဲ့နှစ်ယောက်လုံးနည်းနည်းတော့လန့်သွားလေသည်၊၊
"ခင်ဗျား ဘာဖြစ်သွားသေးလဲ
အဆင်ပြေရဲ့လား""အဆင်ပြေတယ်....ဘာမှမဖြစ်ဘူးနော်"
တောက်စ်....
ကားစီးနိုင်တယ်ဆိုပြီးလူပါးဝတာမိုးဟေမာန် ကြယ်စင်ခကျောလေးကိုဖွဖွလေးပုတ်ပေးပြီး
"စိတ်လျှော့ပါကလေးရယ်
ကိုယ်ပဲအကုသိုလ်များတယ်"
YOU ARE READING
သံစဥ်မညီတဲ့တေးသွား
Short Storyအချစ်ဆိုတာ.... နာကျင်စရာတွေ ရင်ခုန်ပျော်ရွှင်စရာတွေနဲ့ ဖွဲ့စည်းထားသည်😘😘