"အင်း ... အဲ့တာတော့မှန်တယ်"
သူမက ပြုံးပြီး သဘောတူသည်။
ဖုန်းပြောပြီးသွားတော့ ချန်းစီနျန်က လက်ထောက်ဝမ်ကို ခေါ်လိုက်၏။ အကြောင်းကိစ္စမှာ သူ့သူဌေးက ကုမ္ပဏီရှိ ဌာနတိုင်းကို ဒီညအချိန်ပိုဆင်းရမှာဖြစ်ကြောင်း အမြန်ဆုံး အကြောင်းကြားစေခြင်းပင်။ ဒါ့အပြင် သုံးလတစ်ကြိမ် ရှင်းတမ်း အစည်းအဝေးကြီးကိုလည်း စောလုပ်ပေလိမ့်မည်။
လက်ထောက်ဝမ်က ချန်းစီနျန်ရဲ့အမူအယာအား တိတ်တဆိတ်ခိုးပြီးအကဲခတ်သည်။ မျက်နှာက သိပ်ပြီး မပျော်ရွှင်နေပုံပေါ်နေပေမယ့် စိတ်ဆိုးနေတာလည်း မဟုတ်ပြန်ဘူး။ ဘော့စ်ရဲ့အမျိုးသမီးနဲ့ ရန်ဖြစ်ထားတာနဲ့လည်းမတူပေ။
သို့ပေမယ့်လည်း လက်ထောက်ဝမ်က သူ့ဘော့စ်ရဲ့အမူအရာကို နှစ်ထပ်ကွမ်း စစ်ဆေးကြည့်ပြီးတဲ့နောက်မှာ ပြန်ဖြေလေသည်။
"ဟုတ်ကဲ့ပါ ဥက္ကဌချန်း"
လက်ထောက်ဝမ်က ရုံးခန်းတံခါးကို ပိတ်ပြီးတဲ့နောက်မှာတော့ ဌာနအသီးသီးရဲ့ ခေါင်းဆောင်တွေအတွက် စိတ်ထဲကနေ အမွှေးတိုင်ထွန်းပြီး ဆုတောင်းပေးလိုက်လေသည်။ ဒီအတိုင်းသာဆို ညစာစားဖို့အရေးတောင် အလုပ်တွေများနေကြမယ်ဆိုတာ သေချာလေသည်။
*******
ချိန်းဆိုထားတဲ့နေရာမှာ ပတ်ဝန်းကျင်ကိုတောင် သတိမထားမိပဲ အတွေးနစ်နေတဲ့ပုံဖြင့် ကော်ဖီခွက်အား ဇွန်းဖြင့်မွှေနေတဲ့ ကျုံချင်းကို ချင်းစုယွဲ့က တွေ့လိုက်ရသည်။
"ဘာဖြစ်နေတာလဲ?"
ကျုံချင်းက သူမသူငယ်ချင်းအသံကို မှတ်မိသွားပြီး လှည့်ကြည့်လိုက်လေကာ အမူအယာကတော့ မရွှင်မပျနှင့်ရှိနေသည်။
"ဟား.. အဲ့ဒီအကြောင်း မပြောပဲနေရအောင် ... ငါ မနေ့ညက မနက်၃နာရီထိကို မအိပ်ရသေးတော့ ဒီမနက်တောင်မှ အလုပ်နောက်ကျတော့မလို့ ... ဒီနေ့တစ်နေ့လုံး စိတ်နဲ့လူနဲ့ကိုမကပ်တာ"
ချင်းစုယွဲ့က သူမကိုကြည့်လိုက်တော့ တကယ်ပဲ ပင်ပန်းနေသည်ကို တွေ့လိုက်ရ၏။
"ကျွမ်ကျူးကြောင့်လား?"
"အနည်းနဲ့အများပေါ့ ငါထင်တာ"
"ဒါဆို နင်ကရော သူ့အပေါ် ဘယ်လိုမြင်လဲ?"
ချင်းစုယွဲ့ကမေးသည်။