《Zawgyi》
အပိုင်း - ၁၈၂
[ရုန်းကန်ရတဲ့ကံကြမ္မာထဲမှာ ပျော်ရွှင်မှုကိုရှာဖွေတာ- ၁]"လူကြီးမင်းတို့ ... ဘာလို့အထဲဝင်ပြီး ကံကြမ္မာကို မကြည့်ကြသေးတာလဲ?"
သက်ကြီးပိုင်းလူရဲ့ ပယင်းရောင်မျက်လုံးတွေက လူတော်တော်များများရဲ့အာရုံကို ဆွဲဆောင်လေသည်။ချင်းစုယွဲ့က ထိုလူကြီးရဲ့စကားကို နားမလည်သေးပဲ အနည်းငယ်မျက်လုံးပြူးသွားသည်။ ဒီထင်ရှားတဲ့ပုံစံနဲ့ လူကြီးက လူတွေရဲ့ကံကြမ္မာကို ဟောပေးတာ တော်တော်လေးရှားပါးတယ်လို့ လူတွေကပြောတာ မဟုတ်ဘူးလား?
ချင်းစုယွဲ့က ယုံကြည်စရာမရှိတဲ့ကိစ္စတွေကို အယူသည်းတတ်သူ မဟုတ်ပေမယ့် သိချင်လာမိသည်။ ဒါကြောင့် သူမက ချန်းစီနျန်ထံ အခြေအနေကိုသိချင်၍ လှမ်းကြည့်လိုက်သည်။ သူ့အကြည့်က နက်မှောင်လာသည်ကို တွေ့လိုက်ရကာ ချန်းစီနျန်အတွက်တော့ ယဉ်ကျေးပျူငှာတဲ့လေသံနဲ့ ပြောဖို့က ရှားပါးလွန်းလေသည်။
"ကျေးဇူးအများကြီးတင်ပေမယ့် မလိုပါဘူး"ချန်းစီနျန်က ချင်းစုယွဲ့ရဲ့လက်ကိုကိုင်ကာ ထွက်သွားဖို့ပြင်သည်။ ထိုအချိန်မှာပဲ ထိုလူကြီးထံမှ ခိုင်ကြည်သောလေသံ ထွက်ပေါ်လာသည်။
"ဝိဥာဉ်မဲ့နေတဲ့ ခန္ဓာကိုယ်""ဟင်?"
ရောက်တတ်ရာရာ စကားလုံးတွေဟာ ချင်းစုယွဲ့ရဲ့ခြေလှမ်းတွေကို ရပ်သွားစေကာ သူမက ချန်းစီနျန်အား ဆက်မသွားဖို့တားလိုက်ပြီး ထိုလူကြီးထံ လှည့်ကြည့်လိုက်သည်။ထိုလူကြီးရဲ့ ပယင်းရောင်မျက်လုံးတွေက တောက်ပနေကာ ထိတ်လန့်ဖွယ်ကောင်းနေသည်။ ချင်းစုယွဲ့က သေချာအနီးကပ်မကြည့်တာတောင် လှပတဲ့ ပယင်းရောင်မျက်လုံးတွေထဲက သွေးကြောတွန့်တွေကိုပင် မြင်ရလေသည်။
"အာ..."
ချင်းစုယွဲ့တောင် စကားမစရသေး ထိုလူကြီးက ချန်းစီနျန်အား ကြည့်လိုက်သည်။
"အချိန်ကြာလာရင် ကိုယ့်အနာဂတ်က ဘယ်နေရာမှာရှိလဲဆိုတာ သိလာမှာပါ ...
မင်းတို့နှစ်ယောက်က ကံမပါလာဘူး...
မင်းတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် နာကျင်စေလိမ့်မယ်"
YOU ARE READING
RomanceI DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ချင်းစုယွဲ့ဟာ အရံဗီလိန်ဇာတ်ကောင်အဖြစ် ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိလာတာကို သိသိချင်းမှာပဲ သူမရဲ့ သေဆုံးရမယ့် ကံကြမ္မာဆိုးနှင့် မကြုံတွေ့စေဖို့အတွက် ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့ကို ဂ...