《Zawgyi》
အပိုင်း - ၁၄၆
[ရှည်လျားသော ညတာ - ၁]ချန်းစီနျန်က ဒူးတစ်ဖက်လည်း ထောက်လိုက်ရော စင်အောက်က ပရိသတ်တွေမှာ စီခနဲ အော်သံတွေ ထွက်လာတော့လျက် စိတ်အားထက်သန်စွာ အော်ဟစ်ကြလေတော့သည်။
{T/N အဲဒီပုံစံက secretary kim ထဲမှာ PSJက ပရိုပို့စ်လုပ်တဲ့ပုံစံမျိုးလေးနဲ့ ဆင်တူတာမလို့ media မှာ အဲ့ပုံလေး ထည့်ထားပါတယ်နော် ♡}
သူက သူမကို လက်ထပ်ခွင့်တောင်းနေတာလား?
"ပရိုပို့စ်!" "ပရိုပို့စ်!" "ပရိုပို့စ့်!"
ချင်းစုယွဲ့က တစ်ယောက်ထိုင် ဆိုဖာလေးပေါ်မှာ ထိုင်နေတာဖြစ်ပြီး ဤအဖြစ်ကြောင့် ထိတ်လန့်အံ့ဩသွားလေတော့သည်။
"ရှင်....." သူမက ပါးစပ်ဟလိုက်ပေမယ့် ဘာစကားတစ်ခွန်းမှ ထွက်မလာနိုင်တော့ပါပေ။
ချန်းစီနျန်က ဒူးတစ်ဖက်ထောက်ထားလျက်မှ သူမရဲ့ ဘယ်ဘက် လက်လေးအား ဆွဲယူလိုက်သည်။ သူ့ရဲ့ညာဖက်လက်ထဲမှာတော့ တောက်ပလက်ဖြာနေပြီး အရည်အသွေး တော်တော်လေး ကောင်းမွန်သည့် လက်စွပ်လေးတစ်ကွင်းကို ကိုင်ထားချေ၏။
"မနေ့ညတုန်းက ကိုယ်ပြောမယ့်စကားတွေကို အကြာကြီး တွေးထားပြီး ကြိုပြင်ဆင်ထားခဲ့ပေမယ့် အခု မင်းကို ကြည့်နေရင်းနဲ့ ကိုယ့်စိတ်ထဲမှာ ဘာမှ မမှတ်မိတော့ဘူး .. ကိုယ့်စိတ်ထဲမှာ စကားတစ်ခွန်းပဲ ရှိနေတော့တယ် ... ကိုယ့်ကို လက်ထပ်ပါ"
ချန်းစီနျန်က ထိုသို့ပြောလိုက်ပြီးနောက် ခဏရပ်နေကာ ဆက်ပြော၏။
"ကိုယ်တို့က အရမ်းကြီး အလောတကြီး ဖြစ်သွားမှာ ကြောက်တယ်လို့ မင်း ပြောခဲ့ဖူးတယ်နော် ... ဒါပေမယ့် နေ့ရက်တိုင်းက ရင်ခုန်စရာကောင်းတယ်လို့ ကိုယ်ကတော့ ထင်တယ် ... ကိုယ် မင်းကို လက်ထပ်ချင်တယ် .. ကိုယ်အလုပ်မသွားခင်နဲ့ အလုပ်ကပြန်လာချိန်တိုင်း မင်းကိုတွေ့ပြီး ပွေ့ဖက်ချင်တယ် ... ကိုယ် မင်းကို နှစ်တွေအကြာကြီး စောင့်ခဲ့ရပြီးပြီ ... ကိုယ်တို့တွေ အသက်တွေကြီးလာတဲ့အထိ ကလေးတွေအများကြီးနဲ့ အတူတူနေထိုင်သွားကြမယ် .. မင်းကရော?"
YOU ARE READING
RomanceI DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ချင်းစုယွဲ့ဟာ အရံဗီလိန်ဇာတ်ကောင်အဖြစ် ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိလာတာကို သိသိချင်းမှာပဲ သူမရဲ့ သေဆုံးရမယ့် ကံကြမ္မာဆိုးနှင့် မကြုံတွေ့စေဖို့အတွက် ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့ကို ဂ...