Epi-19

2.5K 247 8
                                    

Unicode

အသံပိစိလေးနဲ့အတူ တစ်ခုခုကျကွဲသံတွေ တစ်ပြိုင်နက်ထဲ ထွက်လာသဖြင့် အလန့်တစ်ကြား နောက်ကိုလှည့်ကြည့်လိုက်တော့ ပါးစပ်ပင် ဟသွားသည်အထိ အံ့ဩရတော့သည်။

" ဟင် ရ ဘယ်လို ဖြစ်တာလဲ "

မေးလိုက်တော့ လှပတဲ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေ ဝိုင်းလာပြီး မိမိကို မော့ကြည့်လာလေသည်။ ကြည့်နေရင်းမှ မျက်ရည်တွေ ကျလာလေတော့သည်။

" ဟင့် အင့် အီး......."

ရုတ်တရက် ထငိုသော ရကြောင့် ခန့်ရွှေစည်တစ်ယောက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့။

" ဘယ်နားထိသွားလို့လဲဟင် အပူလောင်သွားလို့လား"

" ဟင့် ရရ ငုံးဥတွေ ကုန်ပါပြီ ြဗဲ......."

'ဟင် အခုငိုနေတာက တစ်ခုခုဖြစ်လို့မဟုတ်ပဲ သူ့ငုံးဥတွေ အကုန်မှောက်ကုန်လို့တဲ့လား'။
'အမလေး ခန့်ရွှေစည်ရယ်' လို့သာ ကိုယ့်နဖူးကိုယ် ရိုက်ချလိုက်တော့သည်။

အသံပြဲကြီးနဲ့ ငိုသံကြားသဖြင့် ဆရာတော်ဘုရားနှင့် အခြားသူများက လှည့်ကြည့်လာတော့သည်။

ဒေါ်ြမတ်တစ်ယောက် ဒီငိုသံကြီးကို ရင်းနှီးနေသဖြင့် နောက်လှည့်လိုက်စဉ် ပါးစပ်မှ ' ဗုဒ္ဓေါ' ဟုပင် ထွက်သွားမိသည်။

"   သားငယ် "

ဇနီး၏ အံ့ဩစွာထွက်လာသော အသံကြောင့် ဦးနေဒီတစ်ယောက်လည်း လှည့်ကြည့်ခိုက် မျက်ရည်ဘူးသီးလောက်ကြီးတွေ ကျနေတဲ့ သားဖြစ်သူကိုတွေ့ရတော့သည်။

" သား တတိုင်း ဘာဖြစ်လို့လဲ ဟယ် ဟင်းရည်ထည့်တဲ့ချိူင့်ကြီးလည်း မှောက်နေတယ် အပူတွေဘာတွေ လောင်သွားလို့လား သား"

ဒေါ်ြမတ်ခွါညိုရ တစ်ယောက် သားဇောကပ်ကာ မေးခွန်းတွေကို တစ်ရစပ် မေးတော့သည်။

အမေ မေးတာတွေကို မဖြေနိုင်အား။ ရရတစ်ယောက် သူ့အရှေ့မှ မှောက်သွားသဖြင့် အကုန်လွှင့်စင်သွားသော ငုံးဥများကိုသာ နှမြောတသသဖြင့် ကြည့်နေတော့သည်။ပါးစပ်မှလည်း

" သွားပါပြီ ကုန်ပါပြီ ဟင့် အချိန်ကုန်ခံ အပူခံပြီး  မရမက ရွေးထည့်လာတဲ့ ငုံးဥလေးတွေ ဗြဲ....."

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now