𝙴𝚡𝚝𝚛𝚊 - 3

1.8K 130 18
                                    

Unicode

ဒီနေ့က ရရတို့နှစ်ယောက်၏ နှစ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့။ အချိန်တွေကုန်လာတာ မြန်လိုက်တာဆိုတာလေ အခုဆို ဘဲကြီး ဂိုးလ်က အဖိုးကြီးဖြစ်နေပြီ။ ရရကသာ အသက်ကြီးလာလေ ပိုချော ပိုခန့်လာလေ ။

ဒီလိုနေ့လေးမှာ ရရ ဂိုးလ်အတွက် ပြင်ဆင်ထားတာလေး ရှိပါသည်။ ခမ်းနားတဲ့ ပါတီလိုပွဲမျိူးမလုပ်တော့ဘူး လူရှုပ်တာကို စိတ်ပျက်လို့။

အဲ့တော့ နှစ်ယောက်သားပဲ ကျင်းပမည့်ပွဲလေး။
ရရ ကိုယ်တိုင် စီစဥ်သည့်ပွဲ.......။

ဂိုးလ်က အလုပ်တွေ ရှုပ်နေလို့ မေ့နေသည်ထင်ပါရဲ့။ မနက်အစောကြီးထဲက company သွားလေပြီ။ အဲ့တော့ ရရအတွက် မဟာအခွင့်အရေးပင်။

လက်ထပ်ပြီးကတည်းက မိဘတွေနှင့် အိမ်ခွဲနေသည်မို့ အခုအိမ်မှာ ကျွန်တော်တို့နှစ်ယောက်သာ ရှိသည်။ အိမ်အောက်ထပ်မှာ ဘယ်ကစလုပ်ရမလဲ ရရ စဥ်းစားနေမိသည်။

သို့သော် ဘယ်ကနေ ဘယ်လို စလုပ်ရမလဲ စဥ်းစားမရ။ ထိုင်ကြည့်နေလိုက်တာ ဂိုးလ် ပင် နေ့လည်စာ စားချိန်ပြန်လာတော့မည်။
တတိုင်းရရေ မင်းရဲ့ ရွှေဦးနှောက်ကလေးကို အလုပ်ပေးပါဟ။

တီ.............

ဟာ.... ဂိုးလ် ပြန်လာပြီ။ ရရ အခုထိ ဘာမှ မပြင်ဆင်ရသေး။ မဖြစ် တစ်ခုခုတော့ လုပ်မည်ဟု
တွေးလိုက်ပြီး ရရတို့၏ အိပ်ခန်းထဲ အမြန်ပြေးကာ ဝင်လိုက်သည်။ တံခါးက တစ်ဖက်ထဲက ဖွင့်
ရတာမို့ တံခါး၏ တစ်ဖက်မှာ ရရ ကွယ်နေလိုက်သည်။

ခန့်ရွှေစည် ဒီနေ့ အလုပ်တွေအရမ်းရှုပ်နေပါသည်။ မနက်ထဲက အလုပ်ကိုသွားနေရတာ
အသည်းညှာကို အခုထိ အချိန်မပေးနိုင်သေး။
အခုလည်း နေ့လည်စာ စားချိန်ရောက်နေပြီမို့
ရှိသမျှ အလုပ်တွေ အကုန်ထားခဲ့ကာ အိမ်ကို အမြန်ပြန်လာလိုက်သည်။

မင်းတို့ ခန့်ရွှေစည် ဒီနေ့လို အရေးကြီးသည့် နေ့ကို မေ့နေသည်ထင်လား...........။

...................................

ခန့်ရွှေစည် ကားပေါ်ကဆင်းကာ အိမ်အခြေအနေကို ကြည့်လိုက်သည်။ အရင်ကဆို ကားသံကြားသည်နှင့် အပြေးလေး လာကြိုတတ်သော
အသည်းညှာသည် အခုတော့ အရိပ်တောင် မမြင်ရ။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now