Epi - 33

2.2K 191 8
                                    

Unicode

ခန့်ရွှေစည် သိပြီးပါပြီ။ ရလေး၏ သတင်းကိုပေါ့။ ရလေး fbထဲကို ဝင်ကြည့်နေကျမို့ ဒီနေ့လည်း ကိုယ်လက်သန့်စင်ပြီး ဖုန်းဖွင့်ကာ ဝင်ကြည့်ဖြစ်သည်။

အသည်းညှာနှင့် ကောင်လေးတစ်ယောက်၏ ပုံသည် ကျောင်း၏ pageတွေမှာရော ၊ အသိသူငယ်ချင်းတွေကြောင့်ရော တော်တော်လေးကို
ပျံ့နေလေသည်။

ခန့်ရွှေစည် သတင်းတွေကို မမြင်ချင်တော့ပြီမို့
ကျွန်တော်စိတ်ချရသော လူယုံကို ဒီသတင်းဖြန့်သူရော ၊ ပုံတွေရော အကုန်လုံးကို ရှင်းခိုင်းလိုက်သည်။ ပြီးနောက်မှ မနက်ဖန်ပြန်လာမည့်အကြောင်းနှင့် ဒီနေ့အစည်းအဝေးကအကြောင်းတွေကို သေချာလုပ်ထားဖို့ဖုန်းပြောပြီး နောက်လှည့်တော့ ရလေးက ရောက်နေသည်။

မြင်မြင်ချင်း လန့်သွားပေမဲ့ မျက်နှာလေး ညှိုးနေသည်မို့ ကုတင်နားသွားလိုက်တော့ လက်ကလေးတွေ ဆန့်တန်းပြီး မြန်မြန်လာဖို့ခေါ်သည့်
အသည်းညှာ။ ကျွန်တော်လည်း ကုတင်ပေါ်ရောက်ရော ချက်ချင်းရင်ခွင်ထဲတိုးဝင်လာသည်။
အလိုက်သင့်လေးသာ ပြန်ဖက်ထားမိသည်။

ွအခုလိုပုံနဲ့ဆို ခန့်ရွှေစည် ရန်ကုန်ဘယ်လိုပြန်ရမလဲ စဥ်းစားမရ။ အသည်းညှာကိုလည်း စိတ်မချနိုင်ပေ။ ဆုံးဖြတ်ချက်တစ်ခုကို ခန့်ရွှေစည် သေသေချာချာ ချဖို့လိုအပ်နေပြီ။

ရင်ခွင်ထဲက အသည်းညှာလေးကတော့ ဘာအပူအပင်မှ မရှိ။ နှစ်ခြိုက်စွာ အိပ်မောကျနေချေပြီ။
အင်း............ ဒီစိတ်တွေနဲ့ ခန့်ရွှေစည်လည်း လုံးပါး ပါးမည်။

အတွေးတွေကို ဖယ်ထုတ်လိုက်ပြီး အိပ်ပျော်ရန်
ကြိုးစားလိုက်သည်။ ရင်ခွင်ထဲမှာ အသည်းညှာရှိတယ်ဆိုတဲ့ အသိနဲ့မို့ ခဏလေးနဲ့ အိပ်ပျော်သွားသည်။

နေရောင်ခြည်မျက်နှာပေါ် ကျနေသည်မို့ ရရ နိုးလာသည်။ ဟိုဖက်လှည့်မလို့လုပ်ပေမဲ့ လူကလှုပ်လို့တောင် မရသဖြင့် မျက်လုံးကို ပြူးကျယ်နေအောင် ဖွင့်ပြီးကြည့်လိုက်တော့ ရင်အုပ်ကြီးကို တွေ့ရသည်။

အပေါ်ကို တဖြည်းဖြည်းမော့ကြည့်လိုက်တော့
ရရကို ပြုံးပြီးငုံ့ကြည့်နေသည့် ဂိုးလ်....။
ရရ လန့်သွားသဖြင့် ချက်ချင်းထ ထိုင်လိုက်မိသည်။ ဂိုးလ် လည်းထထိုင်လာပြီး ရရကိုကြည့်နေလေသည်။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now