𝙴𝚡𝚝𝚛𝚊 - 1

2.8K 158 26
                                    

Unicode

မြင်နေရသော ကျယ်ပြန့်လှသည့်ကောင်းကင်ကြီး၏အလှကို ရရ ငေးမောနေမိသည်။ ကြယ်တွေ လမင်းကြီးနှင့် အရမ်းကိုပြီးပြည့်စုံလွန်းလှသည့် ပန်းချီကားတစ်ချပ်လို။

" အသည်းညှာ ခဏလောက် အိပ်လိုက်ပါလား
လာ ကိုယ့်ဆီ..... "

ဘေးကနေ မြင်ကွင်းတွေကို အငေးလွန်နေသည့်ကောင်ငယ်လေးကို ခေါ်ရတော့သည်။ မဟုတ်ရင်
ခေါင်းမူးတာတွေ ဖြစ်မှာစိုးလို့။

" အင်း လာပြီ ....... "

ပြောပြီးရင်ခွင်ထဲ တိုးဝင်လာသော အသည်းညှာ။
သိပ်လိမ္မာလွန်းသည့် အသည်းညှာ။

ရင်ခွင်ထဲမှာ အပူပင်ကင်းစွာ အိပ်ပျော်နေသည့်
ကလေးငယ်ကို ထွေးပွေ့ကာ ခန့်ရွှေစည်လည်း
အိပ်လိုက်သည်။

အချိန်က မြန်မာနိုင်ငံကနေထွက်လာတုန်းက ည ၉နာရီတိတိ။ အခုဆို လေယာဥ်က ဘေကျင်းလေဆိပ်မှာ မကြာခင်ဆင်းသတ်တော့မည်။
အခုက ကျွန်တော်နှင့် အသည်းညှာတို့၏ honeymoon လို့ပြောရမလားပေါ့လေ။

တရုတ်နိုင်ငံ၏မြို့တစ်မြို့ဖြစ်သည့် ဘေကျင်း။
လှပ စွဲမက်စရာနေရာတွေ အစားအစာတွေ ပေါများလှစွာသော မြို့ကြီးတစ်မြို့။ ကမ္ဘာ့လှည့်ခရီးသွားများ အများအပြားလာကြသော မြို့ပင်။

ဘေကျင်းမြို့ကို သွားချင်ပါသည်ဟု ဆိုလာသော အသည်းညှာကြောင်​့ private jet စီစဥ်လိုက်ရခြင်း။ တစ်လမ်းလုံး ကောင်းကင်အပြင်ကို ငေးမောလာသည်မို့ မနဲအိပ်ဖို့ပြောရခြင်း။

ဘေကျင်းလေဆိပ်ကိုရောက်တော့ ရင်ခွင်ထဲအိပ်ပျော်နေသည့် အသည်းညှာကို အသာနှိုးလိုက်သည်။ နိုးလာပြီမို့ နှစ်ယောက်သား နေရန်စီစဥ်ထားသည့် hotel ဆီကို တန်းသွားလိုက်သည်။

Hotel ရောက်တော့ အိပ်ရေးမဝဘူးဟုဆိုကာ ကုတင်ပေါ်တတ် ပြန်အိပ်ပြန်သည်။ ဂိုးလ်လည်း အထုပ်တွေနေရာချပြီး ရေအရင်ချိူးထားလိုက်သည်။ အိပ်နေသည့် အသည်းညှာ၏ နဖူးလေးအား နမ်းကာ ဘေးတွင် ကုတင်ဘောင်ကိုမှီကာ
ပါလာသည့် အလုပ်တွေကို လုပ်နေလိုက်သည်။

အိပ်ပျော်နေသည့် အသည်းညှာ၏အနားက ခွာလို့မရပေ။ အကြောင်းကတော့ အသည်းညှာသည် သူအိပ်ယာကနိုးလာလျှင် ဘေးကိုအမြဲ စမ်းတတ်သည်။ ဂိုးလ်ရှိနေမှ အဆင်ပြေသည် မဟုတ်လျှင် တစ်နေ့လုံး ကျွန်တော့်ကို ဂျီကျကာ ဂျစ်တိုက်နေရော့မည်။ ထိုအခါ စားချင်တာတွေ
ကို အတင်းကျွေးခိုင်းမည်မှာ မလွဲဧကန်။ စားချင်တာတွေ စားပြီး နေမကောင်းဖြစ်လျှင် ခန့်ရွှေစည် ကမ္ဘာသည် ထိုအခိုက် ခဏပျက်အုံးမည်။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now