13

729 57 8
                                    

ရိပေါ်ပြန်လာတော့ ရှောင်ကျန့်ကတော့ကွေးကွေးလေးအိပ်နေလေပြီ
ရိပေါ်ကုတင်စောင်းမှာထိုင်ကာရှောင်ကျန့်ကိုကြည့်ပြီး
အတွေးပေါင်းစုံခေါင်းထဲရောက်လာသည်

*ငါတကယ်ပဲသူ့ကိုချစ်နေမိပြီလား သူကငါ့ကိုကောချစ်ပါ့မလား ငါဖွင့်‌ပြောပြီး‌မေးလိုက်လို့ သူကငြင်းရင် ငါတို့သူစိမ်းဆန်သွားကြမလား သူသာငါ့ဘေးနားရှိနေရင် အဆင်ပြေပါတယ် ဟုတ်တယ် ရှေ့ဆက်လိုက်ရင် သူငါ့ကိုစွန့်သွားနိုင်တယ် မပြောတာပဲကောင်းပါတယ်*

ရိပေါ်ရှောင်ကျန့်နဲ့မျက်နှာချင်းဆိုင်ကာလှဲလိုက်ပြီး ရှောင်ကျန့်မျက်နှာလေးကိုကြည့်နေမိသည်

*ထူးဆန်းလိုက်တာ အရင်ကသူ့ရဲ့မျက်နှာလေးကဒီလောက်ချစ်ဖို့ကောင်းတာ မသိခဲ့မိဘူး*
တွေးရင်း ရှောင်ကျန့်မျက်နှာအစိတ်အပိုင်းအချို့ကိုဖုန်းကွယ်နေတဲ့ဆံပင်လေးတွေကိုသပ်ပေးနေမိသည်

.........
"‌ရှောင်ကျန့်...ရှောင်ကျန့် ထတော့လေ ကျောင်းသွားရဦးမယ်လေ"

ရှောင်ကျန့်တစ်ယောက်မျက်လုံးလေးကိုပွတ်ကာထလာသည်

"နိုးပြီလား ဘာလို့အိပ်ယာထနောက်ကျနေတာလဲ"

"ဟင် ရိပေါ် မင်းတောင်နိုးနေပြီလား ညကဘယ်ချိန်မြှပန်ရောက်တာလဲ မင်း...."

"ညတုန်းကငါ့ကိုစောင့်နေလို့နောက်ကျမှအိပ်လိုက်ရတာလား"

"အင်းညကငါမင်းကို၁နာရီထိစောင့်ပါသေးတယ် မင်းကပြန်မလာတာနဲ့ ငါလဲဆက်‌မစောင့်နိုင်တော့လို့အိပ်လိုက်တာ"

"နောက်ခါ နောက်ကျနေရင်စောင့်‌မနေနဲ့ ဟုတ်ပြီလား ခုတော့ထ ညနေကျရင်လဲပါးမွေးနေ့ကိတ်သွားယူရဦးမယ်"

"ဟမ် ဟုတ်သား ဦးလေးပြန်လာပြီလား"

"လာတော့ မလာသေးဘူး ညနေမှရောက်မယ်ထင်တယ်"

............
"ဘယ်လိုလဲရိပေါ် ညကမင်းစမ်းသပ်ကြည့်သေးလား"

"ငါ မစမ်းသပ်ချင်‌တော့ဘူး ရှင်းချန်ရာ"

"ဘာလို့လဲကွ"

"သူငါ့ကိုငြင်းလိုက်ရင် ငါစိတ်ထဲနေလို့ကောင်းမှာမဟုတ်ဘူး မျက်နှာချင်းတောင်ဆိုင်ရဲပါ့မလားမသိဘူး အာ့ကြောင့်"

If you love me......(Friend Zone)Where stories live. Discover now