18(Uni)

596 38 0
                                    

"ဒီနေ့ တစ်နေကုန်ဒိတ်ကြမယ် ဘယ်သူမှမရှိတုန်း
မနက်ဖြန် bodyguard 2ယောက်ရောက်လာတော့မှာ လွတ်လပ်တော့မှာမဟုတ်ဘူး ပြီးတော့အိမ်ပြင်မထွက်နဲ့ဦးတဲ့ပါးက"

"ဟက်😄ကောင်းတာပေါ့ ၀မ်ရိပေါ်အိမ်တွင်းပုန်းတဲ့နေ့ဒီနေ့ပဲရှိမယ်😅"

"မင်းနဲ့တွဲနေပြီပဲ အပြင်သွားစရာမှမလိုတော့တာ"

"😏ယုံချင်စရာ"

"တကယ်ပြောတာ..."

"ထားပါတော့ မင်းငါ့ကိုဘာလို့ချစ်တာလဲ"

"ချစ်တာပဲအကြောင်းပြချက်လိုလို့လား"

"မသိဘူးကြာ ဒါဆိုဘယ်ချိန်ကချစ်တာလဲ"

"အင်....ဘယ်ချိန်ကစချစ်တာလဲတော့မသိဘူး မင်းကိုရှင်းအာနဲ့တွဲသွားတွဲလာလုပ်တာကိုတော့အမြင်မကြည်ဘူး မင်းသူ့ကိုပြုံးပြနေတာတွေ ခေါင်းပုတ်ခြေပုတ်တြွေမင်ရတာငါ့ကိုဒေါသထွက်စေတယ် အရင်ကမင်းကဘယ်သူနဲ့မှတွဲသွားတွဲလာမလုပ်ဘူးလေ ရှင်းချန်တို့နဲ့တောင်အပေါင်းအသင်းသိပ်မလုပ်တာကို ရှင်းအာနဲ့ကျတပူးပူးတတွဲတွဲနဲ့ အဲ့ဒါကိုငါမကြိုက်တာ"

"သ၀န်တိုတယ်ပေါ့"

"အင်း နောက်တစ်ခါရှင်းအာနဲ့သိပ်မပေါင်းပါနဲ့လား "

"ဟာ မင်းကလဲ ရှင်းအာမှာလဲသူငယ်ချင်းဆိုလို့ငါပဲရှိတာ တိုင်ပင်ဖော်လဲငါပဲ သူကငါ့အတွက်တော့ ညီမလေးတစ်ယောက်လိုခင်ရတဲ့သူငယ်ချင်း သူ့ကိုတော့မင်းသ၀န်တိုတယ်ဆိုတဲ့အကြောင်းပြချက်နဲ့တော့ ပစ်ပယ်မထားချင်ဘူးကွာ"

"😞မင်းသဘောပဲ"
ဆိုကာဟိုဘက်လှည့်သွားတဲ့ရိပေါ်

ရှောင်ကျန့်လဲစိတ်ဆိုးသွားမယ်ဆိုတာသိပါတယ်
ဒါပေမယ့် ရှင်းအာကိုလဲသူငယ်ချင်းအဖြစ်ကလဲမစွန့်ချင်
လက်ခံလာအောင် ရိပေါ်ကိုပဲစည်းရုံးရမှာပဲ

"ရိပေါ်"နေတဲ့ရိပေါ်မျက်နှာလေးကိုကိုင်ကာရှောင်ကျန့်သူ့ဘက်လှည့်စေသည်
သို့သော်ရိပေါ်ကသူ့ကိုမကြည့်ဘဲအောက်ကိုစိုက်ကြည့်နေဆဲ

"ရိပေါ် ငါ့မှာလဲသူတစ်ယောက်တည်းပဲပေါင်းမယ့်သူရှိတာလေ သူသာလာမပေါင်းရင်ငါတစ်ယောက်တည်းဖြစ်နေမှာ အထီးကျန်တဲ့ဘ၀ကိုသူ့ကိုမခံစားစေချင်တော့ဘူး
ရိပေါ် ငါ့ကိုကြည့့်ဦးလို့ မင်းတောင်းဆိုတာငါစဉ်းစားပေးမယ်လေကွာ"

If you love me......(Friend Zone)Where stories live. Discover now