14

677 44 8
                                    

ရှောင်ကျန့်အတန်းပြန်တက်တော့ရိပေါ်ကိုမမြင်တော့

*သူ့ကောင်မလေးနဲ့သွားတွေ့တာနေမှာပါ ညနေကျမှလာမယ်ထင်တယ်*
.
.
.
ညနေကျောင်းဆင်းတော့လဲ ကျောင်းရှေ့ထွက်စောင့်နေတာတောင် ရိပေါ်ကိုအရိပ်အယောင်တောင်မတွေ့မိ

*ငါ့မှာသူ့ကိုဆက်သွယ်ဖို့ဖုန်းလဲမရှိဘူး...
ငါပဲကိတ်သွားယူလိုက်တော့မယ် သူကမလာနိုင်ဘူးထင်တယ်😞*

ရိပေါ်ကိုစောင့်နေတုန်းသူ့အ‌ေကြာင်းတွေးကောင်းနေတုန်းရှေ့မှလူတစ်ယောက်ရောက်လာကာ စာတစ်စောင်လာပေးသွားသည် ဖွင့်ကြည့်လိုက်တော့

*ဟိုတစ်နေ့ကအကြောင်းရှိလို့မလာဖြစ်ဘူးထင်တယ်
ဒီနေ့တော့မင်းလာဖြစ်အောင်လာခဲ့ပေး
မဟုတ်ရင် မင်းအသိနောက်ကျနေမယ်နော်
ခါတိုင်းlavenderဆိုင်ကိုပဲလာခဲ့ပေး
မင်းလာတဲ့ထိစောင့်နေမယ်ည၁၂‌ေကျာ်သွားရင်တော့မစောင့်တော့ဘူး
အကယ်၍မင်းမိဘအ‌ေကြာင်းမသိချင်ရင်တော့နောက်နေ့မင်းကိုမဆက်သွယ်တော့ဘူး
ဒါနောက်ဆုံးအကြိမ်ဆက်သွယ်ခြင်းပဲ*

"ဘာလို့ သူက.... ဘာလို့ငါ့ကိုအဲ့အကြောင်းအရမ်းပြောပြချင်နေရတာလဲ
ငါ့မိဘတွေနဲ့သိခဲ့တဲ့သူလား"

"ဟေ့ ဘာတွေအဲ့လောက်တတွတ်တွတ်ပြောနေတာလဲ"

"၀မ်ရိပေါ်...ဘာလို့ခုမှလာတာလဲ"

"Sorryကွာ ဟိုက်ခွမ်းနဲ့အပြင်သွားနေလို့"

"ဟုတ်ကောဟုတ်လို့လား ငါကတော့မင်းကောင်မလေးတွေနဲ့များသွား‌ေတွ့နေတာလားလို့"

"မဟုတ်ရပါဘူးကွာ ငါအခုတလောဘယ်သူနဲ့မှမတွေ့ဖြစ်ပါဘူးကွ"

"ယုံချင်စရာ🙄"

"တကယ်ပါဆိုကွာ မင်းငါ့ကိုအဲ့လောက်တောင်မယုံဘူးလား မယုံရင်ဟိုက်ခွမ်းတို့မေးကြည့်ရတယ်နော်"

"ဟုတ်ပါပြီကွာ ယုံပေးလိုက်ပါ့မယ်"

"ဒါနဲ့မင်းလက်ထဲကဘာစာလဲ ဟိုတစ်ခါကလိုစာလား"

"အင်း ရော့ဖတ်ကြည့်..."

"......."

"......."

"ဒါဆိုမင်းသွားတွေ့မှာလား "

"သူကငါ့ကိုတကယ်ကြီးပြောပြချင်နေတာထင်တယ် ပြီးတော့ငါ့မိဘတွေနဲ့လဲသိတဲ့ပုံပဲ"

If you love me......(Friend Zone)Where stories live. Discover now