3

966 93 2
                                    

ရှောင်းကျန့်တစ်ယောက်အိမ်စာတွေကုန်းကျုံးလုပ်နေချိန် ရိပေါ်ကတော့ကုတင်ပေါ်မှာပက်လက်အိပ်ပျော်နေလေသည်

"ဒီကောင်တော်တော်ပင်ပန်းနေတယ်ထင်တယ် ကောင်မလေးတွေနဲ့တွေ့ရတာ။အိပ်နေလိုက်တာများ
အ........"
ရှောင်းကျန့်တစ်ယောက်ရိ‌‌ေပါ်ကိုပြောရင်းဆိုရင်းကုတင်သို့လာရာရိပေါ်ချွတ်ထားတဲ့လွယ်အိပ်ကိုခလုတ်တိုက်ပြီးရိပေါ် ဗိုက်ပေါ်သို့ကန့်လန့်လေးကျသွားသည်
ရိပေါ်လဲနာလို့နိုးလာကာ

"မင်း ဘာဖြစ်လို့ငါ့‌ဗိုက်ပေါ်မှောက်ချတာတုန်းကွ"

"မမြင်လိုက်လို့ပါကွာ....."

"ဘာကွ ငါတစ်ယောက်လုံးကို‌ေတာင်မမြင်ဘူးလား ဒီလောက်မီးလင်းနေတာကို..."

"မြင်ပါတယ်ကွာ မင်းကို..... မမြင်တာကမင်းအိတ် ဘယ်မှာလာချွတ်ထားတာလဲ စည်းကမ်းကိုမရှိဘူး"

"Sorryကွာ ငါလဲပင်ပန်းနေတာနဲ့တန်းအိပ်လိုက်မိတယ် နောက်မဖြစ်စေရဘူး"

"ပြောလိုက်ရင်တော့အဲ့လိုချည်းပဲ ပြန်အိပ်တော့ပြန်အိပ်တော့..."

..........
"‌ရှောင်းကျန့်ဒီနေ့ငါ့ကောင်မလေးနဲ့အပြင်သွားမလို့ ကျောင်းမတက်ဘူးနော် မင်းလိုက်ရင်လိုက်ခဲ့ပါလားအတွေ့အကြုံရတာပေါ့"

"မလိုက်ချင်ပါဘူး အတွဲကြားငါကဘာလုပ်ရမှာလဲ"

.........
ရိပေါ်နဲ့သူ့ကောင်မလေးကတော့ကစားကွင်းမှာပတ်ဆော့နေလေရဲ့ နောက်က‌ေတာ့
မလိုက်ပါဘူးဆိုတဲ့ကိုယ်တော်ချော ရှောင်းကျန့်ပေါ့

"ကိုကို့ ဘာလို့ရှောင်းကျန့်ကိုခေါ်လာတာလဲ လွတ်လွတ်လပ်လပ်မရှိဘူး"

"ဘာဖြစ်လို့လဲသဲရဲ့ ရှောင်းကျန့်ကဘာမှမသိတဲ့ကောင်လေးတစ်ယောက်ပါပဲ သဲကသူရှိတာဘာမကျေနပ်လို့လဲ"

"ကိုကို့ကိုနမ်းချင်တာတောင်သူရှိနေတော့ ရှက်တာပေါ့"

"သူ့ကိုခေါင်းထဲထားမနေပါနဲ့ဆိုသဲကလဲ"

*‌ဒီကောင်ကငါ့ကိုဘာလို့လှည့်ကြည့်နေတာလဲငါ့အကြောင်းဘာတွေပြောနေလဲမသိဘူး🙄*
ရှောင်းကျန့်တစ်ယောက်တွေးနေတုန်းရိပေါ်ကကောင်မလေးကိုနမ်းလိုက်သည် ရှောင်းကျန့်လဲလန့်သွားကာ မျက်နှာကိုဟိုဘက်လှည့်ထားလိုက်သည်

If you love me......(Friend Zone)Where stories live. Discover now