ယူရှောင်မို၏ အတွေးရေယာဉ်ကြော၌ နစ်မြောကာ သာယာကျေနပ်နေသော ရူးရူးနှမ်းနှမ်း မျက်နှာထားအား မြင်လိုက်ရသောအခါ လင်းရှောင်သည် ၎င်း၏ခေါင်းအား မခေါက်ပဲ မနေနိုင်တော့ပါချေ၊ လမ်းမပေါ်၌ ဖြတ်သန်းသွားလာနေကြသော လူအပေါင်းမှ သူ့အား အထူးအဆန်းသဖွယ် သမင်လည်ပြန် ကြည့်ရှုသွားကြသည်အား သူ မမြင်လေရော့သလား? လူထူထပ်ရာ လမ်းမအလယ်၌ ထိုမျှ ရူးနှမ်းစွာ ပြုံးနေနိုင်ခြင်းမှာ ၎င်းထံ၌ အရှက်တရားဟူသည် မကြွင်းကျန်လေတော့ သလား? လင်းရှောင်ပင် နားမလည်နိုင်တော့ပေ ။





... ...









အဆောင်သို့ ပြန်မရောက်သေးသော်ငြား ယူရှောင်မိုသည် ယန်ဖား၏ ' ပထမဆုံးအကြိမ် တွေ့ဆုံခြင်း အထိမ်းအမှတ် လက်ဆောင်' မှာ မည်သည့်အရာ ဖြစ်မည်အား သိချင်လွန်းလှပြီ ဖြစ်သည် ။

လင်းရှောင်သည်လည်း ၎င်းလက်ဆောင်သည် မည်သည့်အရာ ဖြစ်မည်အား သိလိုသည်၊ သူမှတ်သားဖူးသည်မှာ ယန်ဖားသည် မှော်ဆရာမဟုတ်၊ ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သည် ဟူ၍..၊ ထို့ကြောင့် ၎င်းထံ၌ သွမ့်ချီထျန်၏ တပည့်အား လက်ဆောင်အဖြစ် ပေးဖို့ရာအတွက် ကောင်းကောင်းကန်းကန်း ပစ္စည်းဟူ၍ များများစားစား ရှိလိမ့်မည် မဟုတ်ပါချေ ။




၎င်းပေးလိုက်သော အရာသည် လေးထောင့်ဆန်ဆန် အနက်ရောင် ဘူးငယ်လေး ဖြစ်ပြီး အရွယ်အစားမှာ ယူရှောင်မို၏ လက်ဖဝါးထက် အနည်းငယ်သာ ကြီး၏ ။



၎င်းဘူးအား ကိုင်ထားချိန်၌ အေးစက်စက် အထိအတွေ့ကိုသာ ခံစားရပြီး အရွယ်အစားလည်း သိပ်မကြီးသဖြင့် အထဲ၌ များများစားစားတော့ ပါလိမ့်မည် မဟုတ်ပေ ။





သို့သော် ယူရှောင်မို ထိုဘူးအား ဖွင့်ချိန်၌ မြင်လိုက်ရသော အရာသည် သူ၏ မျက်လုံးနှစ်စုံအား အဆမတန်  ပြူးကျယ်သွားအောင် စွမ်းဆောင်လိုက်နိုင်ပေ၏ ။





လင်းရှောင်သည်လည်း သူ၏ မေးစေ့အား ပွတ်ရင်း ..

" ဒီယန်ဖားက တော်တော်တော့ ရက်ရောရှာသား.. ကိုယ်သိရသလောက်  ကျောင်းခွဲတစ်မှာတောင် အနီကဒ် ကိုင်နိုင်တဲ့သူက အယောက်နှစ်ဆယ်တောင် မပြည့်ဘူးတဲ့ "







The Legendary Master's Wife (Myanmar Translation)Where stories live. Discover now