CHAPTER 304

6.4K 1.2K 71
                                    


Zawgyi ver..



ငွေဖြူရောင်ဆံပင်နှင့်လူတစ်ယောက်





၎င်းမှာ မိမိတို့ချိုင်အိမ်တော်သခင်လေး၏ မဟာရန်သူတော်! တစ်မိုးအောက်သွမ့်ချီထျန်အကြီးအကဲ၏ တပည့်! ထို့အပြင် တန်းခွဲနှစ် အရည်အချင်းစစ်စာမေးပွဲကြီး၌ အနိုင်ရရှိထားသူ! " ယူ  ရှောင်  မို " ပင်တည်း ။

ချိုင်သခင်လေးအား လူအများရှေ့မှောက် အတိအလင်းစော်ကားရဲသူသည် ယူရှောင်မို တစ်ဦးတည်းသာရှိသည်၊ ချိုင်သခင်လေးမှ ၎င်းအား မရှုမလှ ရှုံးနိမ့်ခဲ့ရသည်မှန်သော်လည်း နောက်တစ်ကြိမ်တော့ ထပ်စော်ကားမခံလိုပေ၊ သို့မဟုတ်ပါက ၎င်းတို့အားလုံး ကျောက်ဂိုဏ်းသို့ ပြန်ရောက်သည့်အခါ အကျိုးဆက်များ ခံစားကြရလိမ့်မည် ဖြစ်သည် ။

ယူရှောင်မိုသည် ၎င်းတို့၏အရှုပ်ထုပ်များအား တစ်စက်ကလေးမှ စိတ်မဝင်စားပေ၊ သူသည် ရုန်ရွှမ်းနှင့် ချင်ကျန်းကိုသာ အရေးတယူစကားပြော၍ ၎င်းတို့အားလျစ်လျူရှုကာ ထွက်သွားကြသည်၊ တစ်ဖက်လူ အသိစိတ်ပြန်ကပ်လာချိန်၌ ၎င်းတို့သုံးယောက်သည် ကျင့်ကြံရေးခန်းမ ဝင်ပေါက်ဝသို့ပင် ရောက်ရှိသွားကြပြီဖြစ်သည် ။

တစ်ဖက်လူသည် အနှီသုံးယောက်အား လှမ်းအော်ဟစ်၍ ရပ်တန့်စေလိုသော်လည်း အပေါက်ဝ၌စောင့်ကြပ်နေသော တာဝန်ကျအကြီးအကဲများအား မြင်သောအခါ ပါးစပ်ပိတ်လိုက်ရသည်၊ ယခင်ကတည်းက အကြီးအကဲများသည် ပြဿနာရှာတတ်သော ကျောင်းသားများအား မျက်နှာသာ ဘယ်တော့မှ မပေးခဲ့ပေ၊ ထို့ကြောင့် ၎င်းတို့တစ်သိုက်သည် ဝိုင်းအုံကြည့်နေကြသော လူအုပ်ကြားထဲမှ ပြန်လှည့်ထွက်လာခဲ့ရုံသာ တတ်နိုင်တော့သည် ။

ကျင့်ကြံရေးခန်းမသို့ ဝင်ရောက်ပြီးသောအခါ ချင်ကျန်းမှ ၎င်းတို့အား နှုတ်ဆက်စကားပြော၍ အနက်ရောင်အပိုင်းသို့ ဝင်ရောက်သွားသည်၊ သို့သော် ချိုင်ကျန်းထံ၌ ကျောင်းခွဲနှစ်ကတည်းက လဲလှယ်ထားခဲ့သော ခရမ်းကဒ်တစ်ကဒ် ရှိလေသည် ။

ထိုအချိန်တုန်းက ယန်အဖွဲ့ထဲရှိအဖွဲ့ဝင်တိုင်းသည် ခရမ်းကဒ်တစ်ကဒ်ရရှိရန်အတွက် အချိန်နှင့် အင်အား အတော်များများစိုက်ထုတ်၍ အမှတ်ငါးထောင်စုမိရန် ကြိုးစားခဲ့ကြသည်၊  ၎င်းခရမ်းကဒ်သည် ယန်အဖွဲ့ရှိ အဖွဲ့ဝင်တိုင်းနှင့် သက်ဆိုင်၏၊ ထို့ကြောင့် ရုန်ရွမ်းသည် ထိုကဒ်အား အလှည့်ကျအသုံးပြုရန် ဆုံးဖြတ်ခဲ့သည် ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now