CHAPTER 283.

7.7K 1.3K 64
                                    

Zawgyi ver..


တန်းခွဲနှစ်၏ အရည်အချင်းစစ်ပြိုင်ပွဲ ပထမအဆင့်၌ ဆေးလုံးဖော်စပ်ခြင်း








" သခင်လေး သစ်သီးတွေရော? "

" မြောင်~ "

ချစ်စရာကောင်းအောင်လုပ်ပြနေသော နှစ်ကောင်အားကြည့်ရင်း ယူရှောင်မို ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်ကာ မှော်ဝင်သစ်သီးများအား တစ်ယောက်တစ်လုံးစီ ဝေပေးလိုက်သည်၊ ယူရှောင်မိုတို့ ပြန်ရောက်ကတည်းက တရားကျင့်ရာမှ မျက်လုံးဖွင့်၍ ကြည့်နေသော ရှယ်ချိုတို့သုံးကောင်ကိုလည်း တစ်ယောက်တစ်လုံးစီ လှမ်းပေးလိုက်သည် ။

၎င်းတို့အားလုံး မှော်ဝင်သစ်သီးအား နှစ်ခြိုက်စွာစားနေကြသည်ကိုကြည့်ရင်း ယူရှောင်မို နားမလည်နိုင်စွာ လှမ်းမေးလိုက်သည် ။

" အဲ့လောက်တောင် ချိုလား "

ဖီချိုမှ မျိုချရင်း ပြန်ဖြေသည် ။

" အင်း.. အရမ်းချိုတယ် "

ကြောင်ဘောလုံးလည်း ပျော်ရွှင်စွာ ပြန်ဖြေသည် ။
" မြောင်~ "

ရှယ်ချိုနှင့် အခြားနှစ်ကောင်တို့လည်း ခေါင်းငြိမ့်ကာတုံ့ပြန်ကြသည် ။



ထိုအခါ ယူရှောင်မို မျက်နှာရှုံ့မဲ့သွားတော့သည် ။

" ဘာလဲဟာ.. အကုန်လုံးကျ အရသာရှိတာတွေရပြီး ဘာလို့ငါမှ အရသာမရှိတဲ့အသီးကို စားမိရတာလဲ! ငါကံကအဲ့လောက်တောင် ဆိုးရွားနေတာလား? "




မှော်ဝင်သားရဲငါးကောင် " ... ... "

ဖြစ်မှာပေါ့သခင်လေးရယ်.. မှော်ဝင်သစ်သီးဆိုတာ မှော်ဝင်သားရဲတွေပဲစားရတာလေ မှော်ဝင်သားရဲတွေပဲအရသာခံနိုင်မှာပေါ့ လူသားတွေအတွက်ဘယ်လိုလုပ်အရသာရှိပါ့မလဲ!



လင်းရှောင်သည် ယူရှောင်မိုအား ကောင်းကောင်းစိတ်ဆင်းရဲချိန်ပင် မပေးလိုက်၊ ၎င်းနားသို့တိုးကပ်သွားကာ ခါးမှသိမ်း၍ ပွေ့ချီလျက် အပေါ်ထပ်သို့ ခေါ်ဆောင်သွားတော့သည် ။

" ယူလေး အရသာခံတဲ့စနစ်က သူတို့နဲ့ကွာလို့နေမှာပါ.. အဲ့ဒါကြောင့် မင်းစားကြည့်တဲ့အခါကျ အရသာမရှိသလိုဖြစ်နေတာနေမှာ "



The Legendary Master's Wife (Myanmar Translation)Where stories live. Discover now