Zawgyi ver...
ရမှတ်များ . . . 📜📜
သူ၏ နှင်းကဲ့သို့ ဖြူဖွေးလှပသော အသားအရည်တို့သည် ယခုအခါတွင်မူ ပန်းရောင်ပြေးလျက် ရှိပေ၏။ ယူရှောင်မိုသည် ယောက်ျားတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်၌ ခွလျက်သား အနေအထားနှင့်ရှိနေပြီး သူ၏ခြေထောက်များသည် အလွန်ရှက်ဖွယ်ကောင်းသော အနေအထားတွင် ရှိနေကာ အတွင်းဝတ်အပါးလေးသည်လည်း သူ့ခန္ဓာကိုယ်၏ တစ်ဝက်ခန့်ကိုသာ ဖုံးထားနိုင်လေ၏။ ၎င်းတို့နှစ်ဦး၏ ခန္ဓာကိုယ်များသည်လည်း အချင်းချင်း ဆက်စပ်လျက် ရှိနေသည်တည့်။
ယူရှောင်မို၏ အပေါ်အောက် ရွေ့လျားချက်များအတိုင်း တဖပ်ဖပ် အသံများသည် စည်းချက်ကျကျ ထွက်ပေါ်လျက်ရှိပေ၏၊ ထိုယောက်ျား၏ ကြီးမားသော လက်မောင်းများသည် ယူရှောင်မို၏ ခါးသိမ်သိမ်အား မလွှတ်စတမ်း ဆွဲဖက်ထားသည်မှာ အချိန်တော်တော် ကြာသည်အထိ...၊ သူ၏ သန်မာ၍ အားမလျှော့သော လက်မောင်းများကြောင့် ယူရှောင်မို ပြန်ခုခံဖို့နေနေသာသာ လှုပ်ပင်မလှုပ်နိုင်ပါချေ။
" အား.........."
တစ်စုံတစ်ယောက်သည် ဆက်လက် ထိန်းချုပ်မထားနိုင်တော့ဟန်ဖြင့် ညည်းသံအချို့ နှင့်အတူ ထုတ်လွှတ်လိုက်လေတော့သည်။
" မင်း ပြီးပြီလား ? "
ထိုယောက်ျားသည် ရွှင်ပျသောအသံတို့ကိုပြုကာ မေးလာလေ၏၊ ထို့နောက် သူ၏ ခန္ဓာကိုယ်ကို မတ်လိုက်ပြီး လူငယ်လေးအား ပွေ့ဖက်လာလေသည်။ ထိုယောက်ျား၏ အပြုအမူများသည် တုံ့ဆိုင်းမှု အနည်းငယ်မျှပင် ရှိမနေပဲ ၎င်းထံတွင် အင်အားအများအပြား ကျန်နေသေးကြောင်းကို သက်သေပြနေသကဲ့သို့ပင်။
" ငါတို့ တစ်ချီပြီးသွားလည်း မရပ်ဘူးလို့ သဘောတူညီချက် ယူထားတယ်နော် .. ဟုတ်တယ်မလား ? "
ထိုစကားကိုကြားသောအခါ ယူရှောင်မိုသည် ခေတ္တမျှဆွံအသွားလေသည်။ ထို့နောက် ဒေါသထွက်လာပြီး ထိုယောက်ျား၏ ခန္ဓာကိုယ်အား အသေအချာဖမ်းဆုပ်ကာ ပါးစပ်ကိုဟပြီး အသားကုန် ကုန်းကိုက်လေတော့၏။ သွေးထွက်လား မထွက်လားကိုလည်း ဂရုစိုက်မနေအားတော့..
YOU ARE READING
The Legendary Master's Wife (Myanmar Translation)
FantasyChapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Original author - YinYa. I DO NOT own this story. Fully credit to original writer and translator.