Zawgyi ver..
ဇာတ်လမ်းတိုတစ်ပုဒ်အား လက်တန်းရေးဆွဲ သရုပ်ဆောင်ခြင်း
ယန်မြို့တော်၌ လူပေါင်းများစွာ နေထိုင်ကြသော်လည်း ရောင်းဝယ်ဖောက်ကားရေး ပြုလုပ်သည့် ကုန်သည်ရပ်ကွက်မှာတော့ တစ်ခုတည်းသာရှိသည်၊ ထိုရပ်ကွက်၌ လူပေါင်းစုံ စုဝေးလေ့ရှိသဖြင့် အတော် စည်ကား၏၊ ထိုကုန်သည်ရပ်ကွက်ဆိုသည်မှာ ယန်မြို့တော်ရှိ လီထန်းရပ်ကွက် အပါအ၀င် ၎င်းပတ်ပတ်လည်ရှိ လမ်းမကြီးလေးသွယ်အား ခေါ်ဆိုခြင်း ဖြစ်သည်၊ လမ်းတိုင်း၌ လူပြည့်ကြပ် စည်ကားလွန်းသဖြင့် တစ်နေကုန် လျှောက်ပတ်ကြည့်မည် ဆိုလျှင်တောင်မှ တစ်လမ်းကိုပင် ဆုံးအောင် ကြည့်နိုင်လိမ့်မည် မဟုတ်ဟု ဆိုစမှတ် ပြုထားကြလေသည် ။
ယခုအချိန်တွင် ယူရှောင်မိုသည် ထိုလမ်းများထဲမှ တစ်လမ်းဖြစ်သော တောင်ဘက်လမ်း၏ အစ၌ ရပ်နေခြင်းဖြစ်သည် ။
ထိုလမ်းမ၏ အပြင်အဆင်သည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသည်ဟု သိရသည်၊ ယူရှောင်မို ရောက်ဖူးခဲ့သော တခြားမြို့များနှင့် ယှဉ်လျှင် ယန်မြို့တော်၏ ဗိသုကာအပြင်အဆင်များက အတော်ပင်ကွဲပြား၏၊ ထည်ဝါလှသော ရှေးဟောင်းလက်ရာများအား ခေတ်မီ အပြင်အဆင်များဖြင့် ပေါင်းစပ်ဖွဲ့စည်း ထားသဖြင့် မျက်စိပသာဒဖြစ်နေသည်၊ ထိုသို့သော အပြင်အဆင်များဖြင့် တစ်လမ်းလုံး ပြည့်လျှံနေသောကြောင့် လမ်း၏အဆုံးတစ်ဖက်အား မြင်နိုင်ရန်ပင် ခဲယဉ်းလှသည် ။
လုယွီသည် ၎င်းတို့အား တောင်ဘက်လမ်းမ တစ်နေရာ၌ ရှိသော ချင်ရွှမ်းအမည်ရှိ ဆေးဆိုင်တစ်ဆိုင်သို့ ခေါ်ဆောင်သွားသည်၊ ထိုဆိုင်သည် မြို့တော်၌ အကြီးဆုံး မဟုတ်သော်ငြား တရားမျှတစွာ ရောင်းဝယ်သောကြောင့် နာမည်ကြီး၏၊ ၎င်းဆိုင်၏ မွှေးပျံ့သော ဂုဏ်သတင်းကြောင့် နေ့စဉ်လာရောက် အရောင်းအဝယ် ပြုလုပ်သူ များစွာ ရှိလေသည် ။
လုယွီသည် သူအရင်က ဤဆိုင်သို့ ဧည့်သည်အသစ်များ ခေါ်ဆောင်လာပေးလျှင် အနိမ့်စား အဆင့်သုံးဆေးလုံးများ ဘောက်စူးအဖြစ် ရခဲ့သည့်အကြောင်း ယူရှောင်မိုတို့အား ပြောပြနေ၏ ။
YOU ARE READING
The Legendary Master's Wife (Myanmar Translation)
FantasyChapter 232 to Chapter 320. Both zawgyi & unicode available. Legendary Master's Wife {Myanmar Translation} Original author - YinYa. I DO NOT own this story. Fully credit to original writer and translator.