Part 17

632 91 0
                                    

Zawgyi Version

Taehyung ၏သူ့အိမ်ကိုလာခဲ့ဆိုတဲ့ တစ်ချက်လွှတ်ရာဇသံကြောင့်
Jimin အပြင်သွားဖို့ ပြင်ဆင်နေရခြင်း။
တစ်ယောက်တည်းလားဆိုတော့မဟုတ်။Jungkook ကိုရောခေါ်လာခဲ့ဆိုပြီး Taehyung ပြောတုန်းက ကောင်လေးက သူ့ကိုမျက်နှာချင်းဆိုင်နိုင်ဦးပါ့မလားဟု တွေးရင်း မျက်နှာခဏပူသွားမိသည်။ Jungkook ရဲ့ငယ်ဘဝအကြောင်းတွေသိပြီးတဲ့ညနောက်ပိုင်း သူတို့နှစ်ယောက် အခေါ်အပြောမလုပ်ဖြစ်ကြသေး။

Jungkook ရှက်နေမလားဆိုပြီး Jimin ကလည်းစကားစမြည်သွားမပြောဖြစ်ပါ။
ကောင်လေးရဲ့နေရာမှာ သူသာဆိုရင် အိမ်တွင်းရေးအဆင်မပြေတဲ့အကြောင်းတွေပြောပြဖြစ်မှာမဟုတ်။ ပြောမပြရဲတာဆိုမှန်မည်။ အတိတ်ကိုအတိတ်မှာဘဲထားလိုက်ပြီး သတိရမှပြန်ဖတ်ကြည့်နိုင်မည့် ဒိုင်ယာရီဟောင်းလေးလိုဘဲ သိမ်းထားလိုက်ချင်သည်။ ဘယ်သူမှလာဖတ်ကြည့်လို့မရတဲ့ ထောင့်တစ်နေရာက ကိုယ်ပိုင်စာအုပ်ဟောင်းလေးလိုမျိုး။

Jungkook လို လုံးစေ့ပတ်စေ့နဲ့ အိမ်တွင်းရေးကိုပြောပြနိုင်မယ့် နေ့ရက်မျိုး Jimin ဆီမှာရှိလာလိမ့်မည်ဟု မထင်ပါ။

အခုလည်း Taehyung ကောင်းမှုဖြင့်နေရခက်စွာ Jungkook နဲ့မျက်နှာချင်းဆိုင်ရပေဦးမည်။တကယ့် ဂြိုဟ်ကောင်လေး..။

"Hyung"

ဘုရား..ဗုဒ္ဓေါ...
အိမ်ပေါက်တည့်တည့်မှာ ဘာကိစ္စဒီလိုကြီးရပ်နေရတာတုန်း....။

"Taehyung hyung ကသူ့အိမ်ကို hyung နဲ့တူတူလာခဲ့ဖို့ပြောလို့ အဲ့ဒါ"

တံခါးဖွင့်လိုက်တာနဲ့မြင်လိုက်ရတဲ့ Jungkook ကို Jimin လန့်နေတုန်းတံခါးရှေ့မှာ ရပ်နေရတဲ့အကြောင်းရင်းကို ကောင်လေးကပြောပြသည်။

"Hyung လည်းအခုထွက်လာမလို့ပဲ၊ အဆင်သင့်ဖြစ်ပြီဆိုရင် သွားကြမယ်လေ"

"ဟုတ် hyung"

Jimin နေရခက်သည့်ကြားက ပြုံးမိသေးသည်။ဒီကောင်လေးက ဟုတ်ကဲ့လို့ ပြန်ဖြေရင် သူ့ရင်ထဲမှာပန်းပွင့်မတတ်ကြည်နူးရသည်။
ကြုံလာခဲ့သမျှလူတွေထဲမှာ Jimin ပြောစကားကို တားမြစ်တဲ့လူနဲ့ ဝေဖန်တဲ့လူနဲ့ဘဲ ပြည့်နှက်နေခဲ့တာ။
ဒီလိုအသေးအမွှားကိစ္စကို အလေးထားပြီး နားထောင်ပေးတဲ့သူနဲ့တွေ့တော့ Jimin ပျော်မိတာမထူးဆန်းလောက်ဘူးလို့ ထင်သည်။

𝙈𝘼𝙔𝘽𝙀Where stories live. Discover now