Part 16

618 92 10
                                    

Zawgyi Version

ကပြားတစ်ယောက်ဖြစ်တဲ့ မာမီက ကိုရီးယားနဲ့ကနေဒါကိုအိမ်ဦးနဲ့ကြမ်းပြင်လို သွားလာနေကြ။ ဒယ်ဒီနှင့်လည်း ကိုရီးယားမှာပဲဖူးစာဆုံလာခြင်းဖြစ်သည်။
မာမီက မိဘမဲ့ဂေဟာတွေကိုသွားပြီး အလှူငွေထည့်တာတွေ၊လုပ်အားပေးသွားတာတွေ ခဏခဏလုပ်တတ်ကာ မိဘမဲ့ကလေးများအတွက် လိုအပ်တဲ့အကူအညီတွေကိုပေးနိုင်ဖို့ ဖောင်ဒေရှင်းတစ်ခုဖွင့်ထားသေးသည်။

ကလေးမရနိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒယ်ဒီ့ကိုအားနာနေတဲ့ မာမီက ဇနီးမယားဝတ္တရားကို မလစ်ဟင်းစေရ။ဒယ်ဒီကလည်း ရှုံ့ချခြင်း၊စိတ်ပျက်ခြင်းမရှိဘဲနဲ့ အပြည့်အဝချစ်ပေးသည်။ရေခြားမြေခြားမှာ ဆုံတွေ့တဲ့ ဖူးစာကချစ်ခြင်းမေတ္တာကို အလေးအနက်ဖော်ကျူးသည်။

သားအရင်းမဟုတ်တဲ့ကျွန်တော့်ကိုလည်း ပိုလျှံလှသောအချစ်ဖြင့် ချစ်ပေးကြသည်။မာမီကကျွန်တော့်ကိုနေရာစိမ်းမှာ မနေတတ်မှာစိုးရိမ်ပေမဲ့လည်း
ပညာရေးကိုဦးစားပေးလိုသောဒယ်ဒီ့ကြောင့် ကျွန်တော်တို့မိသားစု ကနေဒါမှာပဲအခြေချဖြစ်သည်။

မွေးကတည်းက ကိုရီးယားအစားအသောက်တွေနဲ့ အသားကျနေတဲ့ကျွန်တော်က အနောက်တိုင်းအစားအစာနဲ့အကျွမ်းအဝင်မရှိပေ။
ထို့ကြောင့်ကနေဒါမှာရှားပါးတဲ့ မွေးရပ်မြေကအစားအစာကို ဒယ်ဒီကရံဖန်ရံခါလုပ်ကျွေးတတ်သေး၏။

ကျောင်းတွေပိတ်တဲ့နွေရာသီအားလပ်ရက်တိုင်းမှာ ဒယ်ဒီနဲ့မာမီက ကိုရီးယားကိုပြန်လိုက်ပို့ပေးတာကြောင့် ထိုနေ့ရက်တွေက ကျွန်တော့်ရဲ့အနှစ်သက်ဆုံး နေ့စွဲတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်လာခဲ့သည်။

အမြဲတမ်းပျော်ရွှင်မှုတွေ၊ချစ်ခြင်းတွေနဲ့ပဲ ပြည့်နေခဲ့တဲ့ကျွန်တော်တို့ရဲ့မိသားစုလေးထဲကို ဘာအနှောင့်အယှက်မှဝင်မလာနိုင်ဘူးလို့ ထင်ခဲ့မိတယ်။တကယ်တော့ အဲ့ကတည်းကမှားခဲ့တာ။ လေပြည်ညှင်းတွေနဲ့တည်ငြိမ်ပျော်ရွှင်နေတဲ့ ပင်လယ်လည်း အငြိုးကြီးတဲ့မုန်တိုင်းနဲ့တွေ့ရင်မလွန်ဆန်နိုင်ဘဲ မုန်တိုင်းအလိုကျ လှိုင်းထန်ရတာကို ကျွန်တော်မေ့သွားခဲ့တာမို့လို့...။

𝙈𝘼𝙔𝘽𝙀Where stories live. Discover now