Zawgyi Version
Quebec မြို့
ကနေဒါနိုင်ငံရဲ့သင်္ကေတဖြစ်သော မေဘယ်လ်ပင်များက လမ်းတစ်လျှောက်စီတန်းစွာရှိနေသည်။ရောင်စုံမြို့တော်ဟုတင်စားကြသောအခေါ်အဝေါ်နှင့် ထပ်တူညီစွာ အရောင်အသွေးစုံလင်လှသော အဆောက်အအုံများစွာကလည်း တည်ရှိနေလျက်။
ကျောက်ခင်းသောလမ်းကြားများ၏ အပေါ်တွင် မီးပုံးရောင်စုံများသွယ်တန်းထားကာ ကော်ဖီဆိုင်နှင့်စားသောက်ဆိုင်အချို့က ဆန်းသစ်သောအခင်းအကျင်းများဖြင့် လာပါ၊စားလှည့်ပါဟု ဧည့်သည်များကိုဖိတ်ခေါ်နေသယောင်။ထုံးကျောက်ရောင်အိမ်နံရံများ၊ဆိုင်နံရံများ၏ အစွန်းအနည်းငယ်ထွက်နေသော ပြတင်းပေါက်အောက်ခြေတွင် ပန်းရောင်စုံများစိုက်ပျိုးထားသည်မှာ ပနံသင့်လှသည်။ လမ်းကြားနှစ်ခုဆုံရာနေရာတွင် တည်ဆောက်ထားသော ခရစ်ယာန်ဘုရားရှိခိုးကျောင်းငယ်ထံမှ တေးဆိုသံတစ်ပိုင်းတစ်စက ကြားရသူအားလုံးကိုအပြုံးတစ်ပွင့်စီပေးစွမ်းနိုင်သည်အထိ အင်အားကြီးမားလေသည်။
မီးခိုးခေါင်းတိုင်များနှင့်ပြတင်းပေါက်များကိုကျောက်သားအတိပြီးသော နံရံထဲတွင်နှစ်မြှုပ်ထားသည့်အိမ်ပုံစံတွေက အအေးဓာတ်ကိုကာကွယ်နိုင်ရန်ဆောက်လုပ်သွားခဲ့သည့် ခေတ်ဟောင်းလူမျိုးများ၏ ရှေးခေတ်လူနေမှုပုံစံကိုမြင်ယောင်လာစေသည်။
အဝေးမှကြည့်လျှင်ပင်မြင်နိုင်သော Fairmont Le Chateau Frontenac Hotel ကဒီမြို့ရဲ့အသည်းအသက်ဟုဆိုလျှင် မမှားပေ။နှစ်နာရီကျော်လောက်သာကြာမြင့်သောခရီးဆိုပေမယ့် တမင်သက်သက်အစောကြီးထွက်လာတာမို့လို့ Jimin မှာနေဖို့အချိန်အလုံအလောက်ရှိသည်။ ခရီးသွားတဲ့အခါလျှောက်လည်တာထက် ရှုခင်းလှတဲ့နေရာတို့ တိတ်ဆိတ်တဲ့နေရာတို့မှာ ထိုင်နေချင်တတ်တာ ငယ်ငယ်လေးကတည်းက အကျင့်ဖြစ်လို့နေသည်။ အဆွေးဓာတ်ခံလား၊ ဘာလားမသိပေမယ့် အဲ့အကျင့်က ဒီဇိုင်နာတစ်ယောက်ဖြစ်လာချိန်မှာတော့ ပုံအသစ်အဆန်းများစွာထွက်ပေါ်လာစေသည်။
DU LIEST GERADE
𝙈𝘼𝙔𝘽𝙀
Fanfictionတကယ်လို့များ hyung ကလမင်းကြီးဆီကိုမင်းနဲ့တူတူသွားချင်တယ်ဆိုရင် လိုက်ပေးမယ်မလား Park Jimin....... Jimin Jungkook တကယ်လို့များ hyung ကလမင်းကြီးဆီကိုမင်းနဲ့တူတူသွားချင်တယ်ဆိုရင် လိုက်ပေးမယ်မလား Park Jimin....... Jimin Jungkook