Zawgyi Version
ရာသီဥတုသာယာသည့်နေ့ဖြစ်သည့်အတွက် Jimin အပြင်ထွက်လည်ရန်စဉ်းစားမိသည်။
နေမကောင်းဖြစ်ထားတာလည်းမကြာသေးတာမို့ အနွေးထည်ပါးပါးလေးတစ်ထည်ဝတ်၊လျှာထိုးဦးထုပ်လေးဆောင်းပြီး လိုအပ်တဲ့ပစ္စည်းတွေယူကာ သူစထွက်လာခဲ့သည်။လမ်းလျှောက်သွားရတာကြိုက်တဲ့သူ့အတွက် Canada နိုင်ငံကအံဝင်ခွင်ကျဖြစ်လို့နေသည်။
အရောင်အသွေးစုံလင်လှတဲ့ တိုက်တာအဆောက်အအုံတွေ၊ လမ်းဘေးဝဲယာမှာစိုက်ပျိုးထားတဲ့ မေဘယ်လ်ပင်တွေကနေကြွေကျလာတဲ့ ရွက်နီဝါလေးတွေ၊ ပြီးတော့တစ်ယောက်တည်းသွားရတဲ့ခံစားချက်၊
အင်း~ဒီခံစားချက်ကိုသူအရမ်းကိုသဘောကျတယ်။အပူအပင်မရှိ လွတ်လပ်နေတဲ့ခံစားချက်မျိုး။
Canada ကိုရောက်ပြီးကတည်းက အပြင်သိပ်မထွက်ရသေးတာမို့ ဒီနေ့တော့ညနေစောင်းမှအိမ်ပြန်မယ်လို့ သူစဉ်းစားထားတယ်။
ဖက်ရှင်အတွက်လိုအပ်တဲ့ ဒီဇိုင်းလေးတွေလည်းဆွဲဦးမယ်လို့လည်း တွေးမိတာကြောင့် သစ်ပင်ရိပ်ရှိတဲ့ပန်းခြံထဲကခုံတန်းလေးအောက်မှာ နေရာယူလိုက်ပြီး ဒီဇိုင်းဆွဲရန်စတင်လိုက်သည်။
ဝါသနာပါတဲ့အလုပ်ဖြစ်တာမို့ စိတ်နှစ်လိုက်တာနဲ့ သူဘာကိုမှသတိမရတော့။
လေအဝှေ့မှာ စာရွက်ပေါ်ကြွေကျလာတဲ့ မေဘယ်လ်ရွက်နီနီလေးကြောင့် သူဒီဇိုင်းဆွဲခြင်းကို ခေတ္တရပ်နားလိုက်သည်။
YOU ARE READING
𝙈𝘼𝙔𝘽𝙀
Fanfictionတကယ်လို့များ hyung ကလမင်းကြီးဆီကိုမင်းနဲ့တူတူသွားချင်တယ်ဆိုရင် လိုက်ပေးမယ်မလား Park Jimin....... Jimin Jungkook တကယ်လို့များ hyung ကလမင်းကြီးဆီကိုမင်းနဲ့တူတူသွားချင်တယ်ဆိုရင် လိုက်ပေးမယ်မလား Park Jimin....... Jimin Jungkook