ချိုရန်သည် အံ့သြမှုကြောင့် တင်းတင်းစေ့ထားသော နှုတ်ခမ်းများပင် ပွင့်ဟသွားရသည် ။

ဆရာမှ သူ၏ နှုတ်ထွက်စကားများအား ရုတ်သိမ်းကာ ၎င်းအား တပည့်အဖြစ် လက်ခံခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့..၊ ၎င်း အကျင့်စရိုက်များသည် သူ၏ ဆရာနှင့် ကိုက်ညီလွန်းလှပေသည် ။




ယူရှောင်မိုသည် သူမျက်နှာပြောင်လွန်းကာ လက်ဆောင် တောင်းနေသည်ကြောင့် ချိုရန်မှ ၎င်းသည် ဆရာမှ သူ့အား တပည့်အဖြစ် လက်ခံလိုက်ရသည့် အကြောင်းအရင်း ဖြစ်ရမည်ဟု အထင်လွဲသွားသည်အား မရိပ်မိလိုက်ပေ၊ သို့သော် ယူရှောင်မို ရိပ်မိလျှင်လည်း ဂရုစိုက်နေမည် မဟုတ်..၊ ထိုသို့သော ထင်မြင်ချက်များထက် အဆင့်တစ်ဆယ် မှော်ဆရာတစ်ဦးထံမှ လက်ဆောင်က ပို၍ အရေးကြီးသည်လေ ။







ချိုရန်သည် သူ၏ဆရာမှ တပည့်အသစ် လက်ခံထားလိမ့်မည်ဟု မတွေးမိခဲ့သောကြောင့် မည်သည့်လက်ဆောင်ကိုမှ မပြင်ဆင်လာခဲ့မိပေ ။






သို့သော်ငြား ယူရှောင်မိုသည် သူ၏ ဆရာတူညီလေး ဖြစ်သည့်အတွက် ဆရာတူအကိုကြီး တစ်ယောက်အနေဖြင့် ၎င်းအား ကြိုဆိုလက်ဆောင် တစ်ခုမျှ  မပေးလိုက်ပါက ကပ်စေးနှဲလွန်းရာ ကျပေမည်၊ ထို့ကြောင့် ချိုရန်သည် မည်သို့မျှ မတတ်နိုင်တော့ပဲ သူ၏ တပည့်ရင်းအား ပေးရန် ရည်စူးထားခဲ့သည့် လက်ဆောင်အား ထုတ်ပေးလိုက်ရတော့သည် ။


" ငါ့မှာတော့ မင်းကိုပေးဖို့ ကောင်းတာဆိုလို့ ဘာမှမရှိပါဘူး .. ဒါပေမယ့် ဒါလေးက အဆင့်မြင့် မှော်ဝင်သားရဲ 'ပုံရိပ်ယောင် ထောင်ချီဖန်ဆင်းရှင်' ကြောင်ဘောလုံးပါ .. သူကအခု အဆင့်ငါးပဲရှိသေးပေမယ့် အလားအလာတော့ အရမ်းကောင်းပါတယ် ဒါလေးကိုပဲ ကျေးဇူးပြု၍ ငါ့ရဲ့ ကြိုဆိုလက်ဆောင်အဖြစ် သတ်မှတ်ပေးပါ .. "


ယူရှောင်မို  " ... "




'ပုံရိပ်ယောင် ထောင်ချီ ဖန်ဆင်းရှင်' ကြောင်ဘောလုံးတဲ့.. နာမည်ထဲမှာ 'ကြောင်' ဆိုတာ ပါနေလို့သာပဲ.. ကြောင်နဲ့လဲ ဘယ်နေရာမှ မတူဘူး!





ပုံရိပ်ယောင် ထောင်ချီ ဖန်ဆင်းရှင် ကြောင်ဘောလုံးသည် အဆင့်မြင့် မှော်ဝင်သားရဲ ဖြစ်ပြီး လုံးဝန်းသော ပုံသဏ္ဍာန်ရှိသည်၊ အမွေးပွပွများဖြင့် ဖုံးအုပ်ထားသော ဘတ်စကက်ဘောလုံးနှင့် ဆင်တူပြီး ၎င်းမျက်နှာပြင်ပေါ်၌ပင် မျက်လုံးနှင့် နှာခေါင်း နားရွက်များ ပါရှိသည်၊ ၎င်းမှာ ပုံရိပ်ယောင် ထောင်ချီ ဖန်ဆင်းရှင်၏ ပုံပန်းသဏ္ဍာန်မျှသာ ဖြစ်ပြီး အရွယ်အစားမှာ ဘတ်စကတ် ဘောလုံး၏ ငါးပုံပုံ တစ်ပုံခန့်သာ ရှိသည် ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now