Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်

Start from the beginning
                                    

ရှန်ချောင်းကွန်းကမျက်မှောင်ကျုံ့လေသည်။

"လင်ရွှမ်းဇီကကိုယ်ကျင့်တရား ကောင်းတဲ့သူတစ်ယောက်မဟုတ် ဘူးနင်တွေးတဲ့ပုံအရဆိုရင်သူက ဆေးလုံးကန့်သတ်လျို့ဝှက်နယ်မြေ အကြောင်းကိုသိနေပြီးငါတို့ရှန် မိသားစုနဲ့အဆက်အသွယ်ရှိနေပုံရတယ်"

ရှန်ရူပင်းကခေါင်းညိမ့်လိုက်သည် "သူသိနေတယ်ဆိုတာညီမသေချာတယ်"

ရှန်ချောင်းကွန်းမှာဘာမှမတတ်နိုင် ပဲနားမလည်နိုင်တော့သလိုခံစားရသည်

ဘယ်လိုလုပ်လင်ရွှမ်းဇီကရှန်မိသားစု ရဲ့လျို့ဝှက်ချက်ကိုသိနေရတာလဲ? ပင်မဌာနကတရားဝင်သမီးဖြစ်တဲ့ ရှန်ရူပင်းတောင်ဆေးလုံးကန့်သတ် လျို့ဝှက်နယ်မြေရဲ့လျို့ဝှက်ချက်ကို တရားဝင်သိနိုင်ဖို့အရည်အချင်း မပြည့်မှီတာကို.

သို့သော်အခုကဒီကိစ္စအားစုံစမ်းရ မယ့်အချိန်မဟုတ်တာကြောင့် ရှန်ချောင်းကွန်းကပြောလိုက်သည်။

"ခဏကြာရင်ငါတံခါးဖွင့်မယ် နင်နဲ့ငါပစ္စည်းတွေအတူတူယူကြတာပေါ့"

ရှန်ရူပင်းကမျက်မှောင်ကျုံ့ပြီးမေးလာသည်။

"ဒါဆိုတစ်ခြားသူတွေကရော? သူတို့ရောညီမတို့နဲ့လိုက်လာမှာ မဟုတ်ဘူးလား?"

"ရတနာတွေကိုမြင်တဲ့သူတိုင်း အပိုင်းအစတစ်ခုလောက်တော့ တောင်းဆိုဖို့အခွင့်အရေးရှိတယ် လေအတူတူပဲဝင်ကြတာပေါ့"

ရှန်ချောင်းကွန်းသည်၎င်းနှင့် ပတ်သတ်ပြီးဘာမှလုပ်နိုင်စွမ်း မရှိပေ။သူကသူ့ကိုယ်သူသမာဓိ ရှိတဲ့သူတစ်ယောက်လိုမျိုးနေတာ အသားကျနေပြီဖြစ်ပြီးလင်ရွှမ်းဇီ နှင့်တစ်ခြားသူများကိုလည်း ဒီအချိန်ရောက်မှမောင်းထုတ်လို့ မရတော့ဘူးဖြစ်နေသည်။

ရှန်ရူပင်းကထိုအချင်းအရာနှင့် ပတ်သတ်၍မပျော်မရွှင်ဖြစ်မိ သော်လည်းမှောက်ကျသွားတဲ့ နို့အတွက်ငိုယိုနေလို့လည်း အသုံးမဝင်တော့ဘူးလေ... သူမကဒီလူတွေကိုခေါ်လာတဲ့ သူဖြစ်နေတာကြောင့်ဒီလိုဖိနှိပ် ထားရတဲ့ခံစားချက်များနဲ့ပြော မထွက်နိုင်တဲ့မကျေမနပ်မှုများ ကိုသည်းခံယုံသာရှိတော့သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now