Chapter(253) - နေရာလေးခု

3.9K 875 30
                                    

Unicode

အခန်း(၂၅၃) - နေရာလေးခု

အကယ်၍လင်ကျန်သာဆိုရင်သူ့ကိုဘယ်တော့မှမစွန့်ပစ်ဘူးဆိုတာယန်ထျန်းဟန်သေချာပေါက်သိသည်။

ဒါပေမဲ့....အဲ့ဒီတစ္စေမျက်နှာဖုံးနဲ့လူ...သူ့ကိုတစ်ချက်ကြည့်တာနဲ့သူ့အကြောင်းအကုန်သိပြီးတပည့်အဖြစ်လိုချင်ခဲ့တဲ့သူ....သူကတကယ်ပဲသူ့မွေးအဖေကပို့ပြီးကူညီခိုင်းလိုက်တဲ့သူများလား?

အကယ်၍အဲ့ဒီလိုဆိုရင်တောင်သူကဘာဖြစ်လို့သူ့ကိုအမှန်အတိုင်းမပြောပဲအမြဲတမ်းရှောင်ဖယ်နေခဲ့ရတာလဲ?

အကယ်၍မဟုတ်ဘူးဆိုရင်ရော....ဒါဆိုဘာဖြစ်လို့သူ့ကိုသူနဲ့သင့်တော်မယ့်ကျင့်ကြံရေးနည်းလမ်းတွေကိုသင်ပေးပြီးတိတ်တဆိတ်ကူညီပေးနေရတာလဲ?

ထိုအကြောင်းတွေကိုတွေးပြီးနောက်ယန်ထျန်းဟန်ကခေါင်းညိတ်ပြလိုက်သည်။

"အကယ်၍နောက်တစ်ကြိမ်ငါတစ္စေမျက်နှာဖုံးနဲ့တွေ့ဖို့အခွင့်အရေးကြုံရင်ငါသူ့ကိုမေးလိုက်မယ်"

ဖုန်ကျင်းယွီရဲ့မျက်လုံးများတစ်လက်လက်တောက်သွားပြီး'တစ္စေမျက်နှာဖုံး'ဆိုသည့်ထိုနာမည်ကိုစိတ်ထဲမှာမှတ်ထားလိုက်တော့သည်။

လင်ရွှမ်းဇီရဲ့အခန်းထဲတွင်

[အဲ့ဒီကလေးပေါက်စရဲ့အကြောင်းအစစ်အမှန်ကချင်းယွမ်မင်းဆက်ရဲ့ဆက်ခံသူဖြစ်နေတာကိုတွေးလိုက်မိတော့] ဝိဉာဉ်ပုတီးစေ့လေးကသက်ပြင်းချသည်။

[သူ့မျိုးရိုးနာမည်ကယန်ဆိုကတည်းကငါမှန်းဆမိခဲ့ရမှာ...ဒါပေမဲ့တိုက်ကြီးငါးတိုက်လိုနေရာမျိုးမှာနေတဲ့တစ်စုံတစ်ယောက်ကနယ်မြေကြီးကိုးခုနဲ့အဆက်အစပ်ရှိနေမယ်လို့ငါဘယ်ထင်ခဲ့မိမှာလဲ]

လင်ရွှမ်းဇီသည်လည်းစိတ်မငြိမ်းချမ်းနိုင်ဖြစ်နေသည်။သူ့မှာအေးစက်နေတဲ့လက်ဖက်ရည်ကြမ်းသုံးခွက်ကိုတစ်ခွက်ပြီးတစ်ခွက်ဆက်တိုက်သောက်၍သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်နေရ၏။

သတင်းထဲမှာပါဝင်နေတဲ့အကြောင်းအချက်အလက်တွေကသူလိုနှစ်တစ်ထောင်လောက်နေလာတဲ့ဝိဉာဉ်အိုကြီးကိုတောင်အတော်လေးအံအားသင့်စေပြီးအနည်းငယ်သည်းမခံနိုင်အောင်ဖြစ်စေသည်။ဒါပေမဲ့အဲ့ဒီလိုဆိုရင်တောင်လင်ရွှမ်းဇီရဲ့ဦးနှောက်ကရှုပ်ထွေးမနေပေ။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now