Part 48 ( နောက်ဆုံးသောစတင်ခြင်း) Final part

Start from the beginning
                                    

အန်းလုက အမြန်ပင် ချီရှန်းကိုပြန်လည်ဖက်တွယ်ရင်းဖြေလိုက်သည်။

" အာ...ဒါနဲ့ကိစ္စတွေက ဘယ်ကနေ.......ဘယ်လိုဖြစ်သွားပြီလဲ။"

ချီရှန်းကအန်းလု၏အမေးကြောင့် ဖက်ထားရာမှပြန်ခွာလိုက်လေ၏။

" မနေ့ကပဲ ဝူနန်နယ်စားနဲ့ သူ့ရဲ့သားတွေကို ကိုကွပ်မျက်ပြီး သူတို့မျိုးနွယ်တော်စပ်သူတွေအကုန်လုံးကို နယ်နှင်ဒဏ်ပေးလိုက်တယ်။ ချင်းယာက ဝူနန်ပြည်နယ်ရဲ့ ဘုရင်မတစ်ပါးဖြစ်ဖို့ ငယ်နေသေးတယ်ဆိုပေမဲ့ သူမက အရည်အချင်းပြည့်ဝတဲ့ မိန်းကလေးတယောက်မို့ သူမအသက် ၁၈ပြည့်တဲ့အခါ နယ်စားအဖြစ်ခန့်အပ်မယ်။"

အန်းလုက နန်းတွင်းရေးရာကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး ဝင်ပါလေ့ရှိသူမဟုတ်တာမို့ သူ ထိုကိစ္စနှင့်ပတ်သတ်၍ ထဲထဲဝင်ဝင်မသိပါချေ။ သို့သော်လည်း ချီရှန်းပြောပြသည့်အချက်များကိုတော့ သူထောက်ခံနိုင်ပါသည်။

" သူမက ဝူနန်နယ်စားရဲ့သွေးသားဖြစ်ပေမဲ့ သူတို့လိုမျိုးတော့မရှိဘူးနော်။"

" ချင်းယာက ဝူနန်နယ်စားရဲ့သမီးအရင်းမဟုတ်ဘူး။ အကြောင်းအရာတွေကို သူရှင်းပြပြီးလို့ သိလိုက်ရပြီဆိုပေမဲ့ ကိုယ်ကိုယ်တိုင်လည်း တခဏလောက်တော့ဆွံ့အနေခဲ့သေးတယ်။ ကိုယ်နောက်မှ မင်းကိုရှင်းပြမယ်။"

"အွန်း....ဒါနဲ့အကိုကျီချန်းကရော...."

အန်းလုက အများကြီးစိတ်မဝင်စားဖြစ်တာကြောင့် သူထိုအကြောင်းကိုလည်း ချက်ချင်းသိချင်စိတ်မရှိပေ။ ထို့ကြောင့် ချီရှန်းက အေးအေးဆေးဆေးရှင်းပြချိန်၌ နားထောင်လိုက်ဖို့ကိုသာ တွေးလိုက်သည်။

" သူလား။ ပြန်သွားပြီ။ မင်းနိုးလာတာကိုကြည့်ချင်ပေမဲ့ အရေးကြီးကိစ္စပေါ်လာလို့ ပြန်လိုက်ရတယ်။ သူမကြာခင်….ချိုက်အန်းကိုလာလည်လိမ့်မယ်။"

" ကောင်းပြီ။"

အန်းလုက သူ၏ခေါင်းကိုပြန်ငုံ့ကာသွားသည်။ အနည်းငယ်ပျက်သွားတော့ မျက်နှာထားကြောင့် ချီရှန်းက အန်းလုကိုကြည့်လိုက်သည်။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now