အဆုံးမရှိတဲ့ ဇာတ်လမ်း(end)

8.4K 512 98
                                    

# Uni #

"ဘာဖြစ်ဖြစ် ကျွန်တော် jimin shi နဲ့စကားပြောကြည့်မယ် ''

ဟုတ်တယ်လေ ကျွန်တော်ခံစားချက်တွေ မပြောပြရသေးဘူး အနည်းဆုံးတော့ ပြောပြလိုက်ချင်တယ်..

"ဖယ်စမ်းကွာ..လွှတ်..''

"ဟေ့ရောင် မင်းကိုမသွားရဘူးပြောနေတယ်လေ mimiကလဲမင်းကိုမမြင်ချင်ဘူး ''

"ကုကုပြောတာနားထောင် ''

အတင်းသွားမလိုလုပ်တော့...Jhopeနဲ့jinက လက်ကိုတစ်​ယောက် တစ်ဖက်ကိုင်ပြီး အောက်ထပ်ကို ဆင်းနေတယ်..နှစ်ယောက်အားဆိုတော့..

"Jimin shi!!!! "

"စောက်အရစ်ရှည်မနေနဲ့ mimiကကြားရင်တောင်လှည့်မကြည့်ဘူး...''

မယုံဘူး jimin shi ခင်ဗျားပြောတော့ ချစ်တယ်ဆို..ခင်ဗျား အချစ်တွေသက်သေပြမယ်ဆို..ခုတော့ ထွက်ပြေးသွားပြီလား အရင်ကအမျိုးမျိုး နှိပ်စက်ပြီး ထွက်သွားခိုင်းတော့ အနားမှာကပ်တွယ်နေပြီး..ခုတော့ဗျာ..

ဟင့်အင်း ကျွန်တော်လက်မလျော့နိုင်ဘူး..အတင်းရုန်းပြီး အကျယ်ကြီးအော်ခေါ်မိတယ်

"Jimin shi
Jimin shi လှည့်ကြည့်ပါအုံး
မသွားပါနဲ့ ကျွန်တော်ပြောတာလေးနားထောင်ပေးပါ..jimin shi ''

ဟိုလူကကြည့် ဒီလူကကြည့်ပေမဲ့ မရှက်နိုင်ဘူး jimin shi ခုသူ့ကိုမြင်ဖို အဓိကဘဲ
ခေါင်းလှည့်ပြီး ရုန်းနေရင်း ကြည့်တော့ jimin shi က အထဲဝင်တော့မယ်

အသံကျယ်ကြီးနဲ့အော်မလို့လုပ်တော့...

"Ji....အင့်...''

ဗိုက်ကိုလက်သီးနဲ့အထိုးခံလိုက်ရတယ် ဘယ်လောက်နာလဲဆို ဗိုက်ကအောင့်တက်လာပြီး မျက်လုံးတောင်ပြာသွားတယ် ခြေထောက်တောင်မခိုင်တော့..

"တောင်းပန်ပါတယ် ကုကု hyungလဲ မဖြစ်မနေမို့ jhope သေချာထိန်း အမြန် အောက်ဆင်းမယ်..''

Jin hyung က တော်တော် လက်သီးပြင်းပုံဘဲ
ဟိုဗလနဲ့ကောင်တောင် ငြိမ်အောင်ထိုးနိုင်တယ်..သေချာကိုင်ပြီး အောက်ထပ်ဆင်းလာတယ်..ခုလောက်ဆို mimiလေယာဥ်ပေါ်ရောက်လောက်ပြီ ခနနေ ထွက်တော့မှာ..

နာကျင်လွန်းလို့...မုန်းခဲ့သည်💔💔(Completed)နာကျင်လွန်းလို့....မုန်းခဲ့သည်💔💔Where stories live. Discover now