ကျွန်တော်သိနေတယ်☺

3.8K 422 5
                                    

#Uni #

ခုတော့ ဆေးရုံအခန်းလေးထဲမှာ ကျွန်တော်ရယ် jimin shi ရယ်..နှစ်ယောက်ထဲရှိတယ်
ကိုကိုနဲ့ jimin shiရဲ့ညီတော့ အိမ်ပြန်သွားကြတယ် jin ကတော့ သူ့လူကြီးခေါ်လို့ ခနနေပြန်လာမှာဆိုပြီး ထွက်သွားတယ်..

"Jimin shi... ခင်ဗျားကကျွန်တော်ကို သိပ်လူဆိုးလုပ်တာဘဲ.. ခုjinကရော ကျွန်တော်ကိုအမြင်မကြည်ဘူးဗျ ခုတောင် သူမဖြစ်မနေမို့သာ သွားရတာ ကြည့်ရတာ ခင်ဗျားကိုကျွန်တော် တစ်ခုခု ထိခိုက်အောင်လုပ်မှာ စိုးလို့နေမယ်..''

ပြောသာပြောရတယ်..လေသံတိုးတိုးလေးနဲ့ပြောရတာ..jimin shiကဆေးရှိန်ကြောင့် အိပ်နေတာများ..တကယ်ခုကျအပြစ်ကင်းနေပုံလေး..ခုလိုမျိုးမြင်ရတာ..တကယ်ကောင်းတယ် jimin shiရဲ့ ဆံပင်လေးကိုသပ်ပေးလိုက်ပြီး

"ဘာလို့ဖွင့်ပြောခဲ့တာလဲ ခင်ဗျားသာမဖွင့်ပြောခဲ့ရင် ခုဆိုဒီလိုဖြစ်နေမှာမဟုတ်ဘူး ခင်ဗျားကိုမချစ်နိုင်ပေမဲ့ သူများကိုချစ်မှာလဲမကြိုက်ဘူး ကျွန်တော်မျက်နှာကိုဘဲကြည့်ပြီး
ကျွန်တော်ကိုဘဲချစ်စေချင်တာ..အတ္တဆန်တယ်မလား..haaa ''

ကိုယ်ကသာပြောပေမဲ့ သူကတော့အိပ်နေတာများ..ဘယ်ချိန်ထိ ကျွန်တော်သူ့ကို ကြည့်မိလဲမသိဘူး..တံခါးခေါက်သံကြားလို့ လှည့်ကြည့်တော့ ကိုကိုနဲ့ဟိုကောင်လေး

"ငယ်လေး jijiနိုးပြီးလား ''

စကားမပြောချင်လို့ခေါင်းခါပြလိုက်တယ်
ဟိုကောင်လေးက ကျွန်တော်အနားလာပြီး

"Mimiကို ခနကြည့်မလို့ ခင်ဗျားဖယ်ပေး ''

ထပေးလိုက်တော့ ကျွန်တော်နေရာသူဝင်ထိုင်ပြီး jimin shiကိုကြည့်နေတယ် ဘာမှလဲမပြောသလို ဘာမှလဲမဖြစ်ဘူး တကယ်ငြိမ်ငြိမ်လေးကြည့်နေတာ ပြီးတော့ jimin shi လက်ကလေးကိုင်ပြီး ဆက်ကြည့်နေပါရော

ကျွန်တော်လဲ ကိုကိုနားသွားပြီး ကောင်လေးအခြေအနေမေးကြည့်ရတယ်

"ကိုကို ''

"ပြော ငယ်လေး ''

"အဲ့ကောင်လေး မထူးဆန်းဘူးလား ''

"ဟင်.. ''

"ကြည့်လေ ခု သူ့ပုံက စတွေ့တုန်းကပုံနဲ့လုံးဝမတူဘူး ''

နာကျင်လွန်းလို့...မုန်းခဲ့သည်💔💔(Completed)နာကျင်လွန်းလို့....မုန်းခဲ့သည်💔💔Tahanan ng mga kuwento. Tumuklas ngayon