သူမသိရင်..ကောင်းမယ်😑

4.9K 506 11
                                    

#Uni

ကိုယ်ကိုသာ သွားစေချင်ပေမယ့် တကယ်တမ်းကျ ကိုယ်တယောက်တည်း သွားရမှာဗျ။ ဘယ်သူမှလည်း မလိုက်​ပေးကြဘူး​လေ။ ဟိုကောင်jinကလည်း ကျောင်းပိတ်ရက်ဆိုတော့ သူလူကြီးနဲ့လည်ပါရစေတဲ့လေ။

Vကျ​တော့လည်း ယုန်ပေါက် သိသွားမှာစိုးတာကြောင့် လိုက်လို့က မရ​ပြန်ဘူး။ ကျွန်တော်အခုလို ခဏခဏ မေ့တတ်တဲ့အကြောင်းအား ယုန်ပေါက်ကို ဘယ်သူမှ မပြော​ပြထားသလို သူလည်းကျွန်တော့်အကြောင်းကို အထူးတလည် သိချင်မှာမဟုတ်ပါဘူး။

မသိတာဘဲ ကောင်းပါတယ်​လေ။ တော်ကြာ ကျွန်တော့်ကြောင့်နဲ့ သူ လူဆိုးဖြစ်နေပြီဆိုပြီး ကျွန်တော်ကို ပိုမုန်းသွားမှဖြင့်။ ပြော​နေရင်း အသက်ရှည်အုံးမယ်။ jinက ဖုန်းခေါ်လာတာကြောင့်။

"ဘာလဲ...ယျောင်း ''

"Jiminလေးကလည်းကွာ။ လူကြီးက ဒီ​နေ့တစ်ရက်တည်း အားလို့ဟာ ''

"....''

"နောက် မင်းကို ဆေးခန်းတောင် ချိန်းတာမဟုတ်ဘူးလေ။ လူကြီးပြောပေးလို့...အခုလို လက်ဖက်ရည်ဆိုင်လေးမှာ အေးဆေးစကားပြောရုံပဲဟာ ''

"အပို​တွေပြောမနေစမ်းပါနဲ့။ လည်စရာရှိတာသာ ကောင်းကောင်းလည်...ငါ ဘာမှမဖြစ်ဘူး''

"အာ...မင်းနဲ့တွေ့ရမဲ့ ဆရာဝန်ဖုန်းနံပါတ်ကို ပို့ပေးလိုက်မယ်။ ရောက်ရင် ဖုန်းဆက်လိုက်နော်''

"စိတ်မပူနဲ့...ဒါပဲ ''

" j​iminရေ...စိတ်ချမယ် ''

Jinစကားအဆုံးထိ စောင့်မနေဘဲ ဖုန်းကိုချပစ်လိုက်တယ်။ တကယ်ပဲ။ မသိရင် စိုးရိမ်​နေသလိုလို။ တကယ်တမ်းကျ သူ့အချစ်ကြီးနဲ့ ပျော်နေမှာများ မသိရင်ခက်မယ်။

"ဟူး...ရောက်တာက ရောက်ပါပြီ။ ဘယ်မလဲဆရာဝန်ဆိုတဲ့တ​စ်​ယောက် ''

"...''

"အသက်ကြီးကြီးဆိုလို့ လူတစ်ယောက်​တောင် မမြင်မိပါဘူး။ ဂါး...အချိန်မလေးစားလိုက်တာများ ဖုန်းဆက်အုံးမှ ''

Jin​ပေးထါးတဲ့ ဖုန်းနံပါတ်ကို ဆက်လိုက်ပေမဲ့ ခဏ​လောက်တော့ ဖုန်းဝင်တာကို စောင့်လိုက်ရတယ်။ ခဏ​နေကျ တဖက်လူက ဖုန်းကိုင်လိုက်ပေမယ့် ဖုန်းထဲကအသံက လူငယ်အသံလိုလို။

နာကျင်လွန်းလို့...မုန်းခဲ့သည်💔💔(Completed)နာကျင်လွန်းလို့....မုန်းခဲ့သည်💔💔जहाँ कहानियाँ रहती हैं। अभी खोजें