အမှောင်ကျတဲ့နေ့🖤

4.5K 461 20
                                    

#uni#

"Jiji..Vကိုခေါ်တာမရသေးဘူးလား..ငါဘယ်မောင်းရမှာလဲ''

"ခေါ်နေတာဘဲ ကိုင်မှမကိုင်တာ ''

"သူဘယ်သွားမယ်ထင်လဲ ''

"ခနလေး အန်တီတို့ကနယ်သွားတာပြန်မလာသေးဘူးမလား ....သိပြီ Vအိမ်မောင်း အမြန်''

Vအိမ်ရှေ့ရောက်တော့ ထင်တဲ့အတိုင်းဘဲ ခြံထဲမှာကားရောက်နေတယ် ကားကိုကြည့်တော့လူမရှိဘူး ဖုန်းဆက်ကြည့်တော့လဲ ဖုန်းက ကားထဲမှာ

သေချာပြီ အိမ်ထဲမှာဘဲ

"V... Vမင်းတို့အိမ်ထဲမှာမလား တံခါးဖွင့်''

"ဟေ့ရောင် Vတံခါးဖွင့် ငါနဲ့jijiလာတယ်''

"Jin..ခေါ်နေလို့မရဘူး   တံခါးတိုက်ဖွင့်မယ်ကွာ''

ပြောပြီနှစ်ကောင်သားတံခါးတိုက်ဖွင့်ကြတယ် တော်တော်ခံတဲ့တံခါး ..မဖြစ်သေးဘူး နောက်တစ်နေရာဆို ထမင်းစားခန်းကပြတင်းပေါက် ဟုတ်တယ်

"Jin မင်းတစ်ယောက်ထဲခနတိုက်ကွာ ငါတခြားအပေါက်ကဝင်ကြည့်မယ်''

ပြောပြီးထွက်လာလိုက်တာ Vအကြောင်း သိတယ်မလား တော်ကြာ  လက်လွန်သွားမှ တွေ့ပြီ ပြတင်းပေါက်မှန်ခွဲဖို့ကလဲဘာမှမပါဘူး ဘေးကြည့်တော့လဲရှင်းနေတာဘဲ

အာ ဖုန်းရှိတာဘဲ အရှိန်ယူပြီး မှန်ကိုဖုန်းနဲ့ပစ်ပေါက်လိုက်တယ် အက်ဘဲအက်သွားတယ် မတတ်နိုင်ဘူး ယုန်ပေါက်တစ်ခုခုဖြစ်လို့မရဘူး အဲ့တော့ကျွန်တော်အနာခံရမယ်  အက်နေတဲ့မှန်ကိုလက်သီးနဲ့ပြေးထိုးပလိုက်တယ်

ခလွမ်👊👊👊

မှန်ကွဲတော့ လော့ကိုဖွင့်ရတယ် မှန်စ​တွေနဲ့ခြစ်မိသေးတယ် နာလိုက်တာဗျာ တစ်ခုတော့ပွင့်ပြီ ခြင်ကာကျန်သေးတယ် ဘယ်တတ်နိုင်မလဲ အသားနာတာခနလေးပါ ဆက်ထိုးလိုက်တယ် ဘယ်နှချက်ထိုးလိုက်လဲမသိဘူး ခြင်ကာပြုတ်သွားတယ်

ကျွန်တော်လက်လဲတော်တော်ထိသွားတယ် ညာလက်တစ်ခုလုံးကသွေးတွေချည်းဘဲ ဟင့်အင်း ခုချိန် အာကိုဂရုမစိုက်နိုင်ဘူး  ခြင်ကာတံခါးကိုဖွင့်တော့ ဝင်ရမယ်လေ သေချာဝင်တာတောင် ကွဲနေတဲ့ မှန်စ​တွေနဲ့ခြစ်မိ​သေးတယ် အင်္ကျီရော ဘောင်းဘီရောက အပြဲတွေနဲ့သွေးတွေချည်းဘဲ

နာကျင်လွန်းလို့...မုန်းခဲ့သည်💔💔(Completed)နာကျင်လွန်းလို့....မုန်းခဲ့သည်💔💔Where stories live. Discover now