Love You More Part 18

4.1K 267 24
                                    

Unicode
Lisaထိုညကအိမ်မပြန်ဖြစ်ခဲ့ဘူး သူမအချိန်ပိုင်းလုပ်တဲ့ကော်ဖီဆိုင်မှာဘဲတစ်ညလုံးနေခဲ့တယ်.....

ဒီနေရာမလား သူမနဲ့အတူအချိန်တွေကုန်ဆုံးခဲ့တဲ့နေရာလေး....သူမနဲ့စနောက်ပျော်ရွှင်ရင်းဖြတ်သန်းခဲ့ကြတာ...သူမတို့ရဲ့အချစ်တွေစတင်ခဲ့တဲ့နေရာဆိုလည်းမမှားဘူး.....

ကော်ဖီဖျော်တဲ့နေရာလေးကနေသူမထိုင်နေကျထောင့်စွန်းကခုံလေးကိုမြင်နေရတယ် သူမဆိုင်လာတိုင်း သူအမြဲတမ်းကြည့်ခဲ့ရတာမလား

Lisaတွေးနေရင်းကြမ်းပြင်ပေါ်ထိုင်ချလိုက်ကာ
Li: ဟုတ်တယ် ငါလုပ်တာမှန်တယ် အခြေနေတွေဆက်ပြီးမဆိုးဝါးခင်ဒီမှာတင်ရပ်လိုက်တာနှစ်ယောက်လုံးတွက်ကောင်းတယ်
ကိုယ့်ကြောင့်နဲ့သူမရဲ့တက်လမ်းကိုမပိတ်ပင်ချင်ဘူး သိတာပေါ့ ဒီကိစ္စကိုသာပြောပြလိုက်ရင်း သူမဘာလုပ်မယ်မှန်းမသိပေမဲ့.....သိရဲ့လား အဆင်မပြေဖြစ်ခဲ့ရင်ကိုယ်တစ်ယောက်တည်းခံစားရမှာမဟုတ် သူမလေးပါခံစားရမှာ

နောက်ပြီးသူမရဲ့အနာဂတ်တက်လမ်းတွေကိုယ့်ကြောင့်နှောင့်နှေးဖျက်ဆီးကုန်မှာ သူမကတော့ဒါတွေဂရုစိုက်မှာမဟုတ်...အင်း ကိုယ့်ကတော့အဲလိုအဖြစ်မခံနိုင်ဘူး

ဒီလိုအချိန်မျိုးမှာသူမကိုဖက်ထားရရင်သိပ်ကောင်းမှာဘဲ သူမလေးဆီကနေထွေးပွေ့မှုလေးတွေလိုချင်မိတယ် ကြောက်ရွံ့နေတဲ့စိတ်တွေကိုသက်သာလိုသက်သာငြား....နောက်ဆုံး အကောင်းဆုံးလို့ထင်တဲ့အရာကိုဆုံးဖြတ်နိုင်ခဲ့တယ် ဒီလောက်ဘဲ ဒီမှာတင်ငါတို့ရဲ့အချစ်တွေကိုဆုံးခန်းတိုင်ရအောင်လို့.....
----------------------
Lisaကျောင်းလာတိုင်း jenကိုသိသိသာသာရှောင်လာတယ်
Jenကတော့liကိုလိုက်ကပ်နေပေမဲ့ liကသူမ မကြိုက်တာတွေဘဲရွေးလုပ်နေတယ် သူမလေးသူ့အပေါ်စိတ်ကုန်သွားအောင်......
သူမလေးငိုနေတာမြင်ရင်စိတ်တွေကအလိုလိုပျော့ညံ့ရပြန်တယ် သူမရဲ့မျက်ရည်တွေကကိုယ့်ရဲ့အားနည်းချက်မလား သူမလေးငိုတိုင်းကိုယ့်ကြောင့်ဆိုပြီးကိုယ့်ကိုယ်ကိိုစိတ်တိုသလိုမုန်းလည်းမုန်းမိတယ်

Jen'side
Li သူ့ကိုရှောင်နေတာ အခုရက်တွေဆိုလုံးဝကိုအတွေ့မခံ တွေ့လိုက်ရင်လည်းသူ့ဘေးနားမှာတခြားကောင်လေးတွေရှိနေတတ်တယ် ဒီမြင်ကွင်းကိုမြင်ရတာရင်နာဖို့ကောင်းပေမဲ့ အကြည့်မလွဲနိုင်ခဲ့ ဒီချိန်လေးဘဲမလား သူ့မျက်နှာကိုကောင်းကောင်းမြင်ရတာ....
မျက်နှာကချောင်ကျသွားလိုက်တာ ဒီရက်ပိုင်းထမင်းပုံမှန်မစားဘူးလား နေ့လည်ထမင်းစားချိန်ဆိုလည်းကန်တင်းကိုမလာဘူး ငါနဲ့တွေ့ရမှာအဲလောက်တောင်မုန်းတာလား

Love You More (U+Z)Where stories live. Discover now