အပိုင်း(၁)

Start from the beginning
                                    

"ငါ့မြေးရယ်၁၀တန်းလေးတောင်မအောင်ရင်
ရှေ့လျှောက်ဘဝကပိုခက်ခဲသွားလိမ့်မယ်
ကိုကြီးကိုအားမကျဘူးလား"

"အားကျစရာလား....
ပထွေးကိုအဖေအဖေဆိုပြီးဖားယားနေတာ"

အဖွားဖြစ်သူကကြယ်စင်ခလက်မောင်းလေးကိုကိုင်ပြီး
"အဲ့လိုလည်းမဟုတ်ဘူးလေမြေးရယ်
အဲ့လူရဲ့ကျေးဇူးကြောင့်ကိုကြီးကမတောင့်မတမကြောင့်မကျဘဲဆေးကျောင်းကိုကားလေးနဲ့ကျော့ကျော့လေးတက်နိုင်ခဲ့တာလေ"

"ဟာ......မသိဘူး
ဖွားဖွားကလည်းသူ့ချွေးမဘက်ကပဲပါနေတယ် မုန်းတယ်.....အားလုံးကိုမုန်းတယ်"ဆိုကာအော်ဟစ်လိုက်တော့သည်၊၊

ခဏကြာတော့.....

"မြေးလေးရေ....တံခါးဖွင့်ဦး"

ကြယ်စင်ခဆူဆောင့်အောင့်ပြီးအခန်းတံခါးကိုဖွင့်လိုက်လေသည်၊၊

ဆရာမဆိုလို့အမေအရွယ်အသက်ကြီးကြီးထင်မိတာအခုတော့အလွန်ဆုံးကွာလှ၄ ၊၅နှစ်လောက်လေပေါ့.....

အဖွားဖြစ်သူကစားပွဲကိုရှင်းပေးပြီး
"ထိုင်သမီး.....
အဖွားမြေးလေးကနည်းနည်းတော့ဆိုးတယ်
ဒီနှစ်တော့အောင်စေချင်တယ်သမီးရေ"

သူမကထိုင်ခုံမှာထိုင်လိုက်ပြီး
"မိုးဘက်ကပဲအားစိုက်သင်လို့အးမရဘူးဖွားဖွား....သူကိုယ်တိုင်ကလည်းလိုချင်စိတ်ရှိမှဖြစ်မှာလေ"

ဘာလဲဟ....
လာတည်းကစကားကြီးစကားကျယ်နဲ့.....

"ကဲ....ဒါဆိုအဖွားသွားဦးမယ်"

အဖွားဖြစ်သူကစတိုးဆိုင်လေးဖွင့်ထားတော့အပြေးအလွှားဖြင့်အရှေ့ကိုသွားလေသည်၊၊

"မင်းအမှတ်စာရင်းထုတ်ပြီးပြီလား"

ကြယ်စင်ခတစ်ယောက်စုပ်လုံးသကြားလုံးပါးစပ်ထဲကထုတ်ပြီး
"ခင်ဗျားကလည်းကျပါတယ်ဆိုမှ
အမှတ်စာရင်းထုတ်ပြီးဘာလုပ်ရမှာလဲ"
ပြောပြီးပါးစပ်ထဲသို့သကြားလုံးကိုပြန်ထည့်လိုက်လေသည်၊၊

"ထုတ်မှကိုယ်ဘာလိုလဲဆိုတာကိုယ်သိရမှာပေါ့
ပြီးတော့ကိုယ့်ကိုစာသင်ပေးမယ့်သူကိုလည်းrespectလေးထားပါဦး....
ငါနဲ့စာသင်မယ်ဆိုအရင်ဆုံးမင်းလေသံကိုပြင်သင့်တယ်"

သံစဥ်မညီတဲ့တေးသွားWhere stories live. Discover now