☆ 26

3 0 0
                                    

ဒဏ်ရာတွေအမြန်ကျက်ဖို့
အတိတ်တွေကိုမြေဖို့နေရတယ်
ကောင်မလေးက
မပြိုလဲပါဘူးပြောပြီး ရယ်တယ်...
အဆင်ပြေပါတယ်ပြောပြီး ပြုံးတယ်... ။

ပိုးစုန်းကြူးလေးတွေကို
ဖန်ပုလင်းလေးထဲထည့်သိမ်းထားဖို့ပဲ
ဆန္ဒရှိတော့ပုံပဲ...
ညအမှောင်တွေရဲ့ အထီးကျန်ဆန်မှုကို
ခံစားခဲ့ရပြီးတဲ့နောက်
မလွန်မြောက်နိုင်တဲ့ သံသရာထဲ
မလွတ်မြောက်ချင်တဲ့အလင်းရောင်လေး
တချို့ အကြောင်း တစ်ခုတ်တရ
ပြောပြတတ်လာတယ် ။

အတွေ့အကြုံတွေ ရင့်ကျက်လာပြီးနောက်
ဟန်ဆောင်ခြင်းတွေတစ်ဖက်ကမ်းခက်
လာတယ်ထင်ရဲ့...
ခေါက်ရိုးကျနေတဲ့
နေ့စဉ်မှတ်တမ်းတွေအကြောင်း
ဗီရိုချောင်လေးထဲက
ဝက်ဝံညိုလေးအကြောင်း
ဘယ်သူကမှအရေးတယူရယ်လို့မရှိတော့ဘူး။

_behyon_



ဒဏ္ရာေတြအျမန္က်က္ဖို႔
အတိတ္ေတြကိုေျမဖို႔ေနရတယ္
ေကာင္မေလးက
မၿပိဳလဲပါဘူးေျပာၿပီး ရယ္တယ္...
အဆင္ေျပပါတယ္ေျပာၿပီး ၿပဳံးတယ္... ။

ပိုးစုန္းၾကဴးေလးေတြကို
ဖန္ပုလင္းေလးထဲထည့္သိမ္းထားဖို႔ပဲ
ဆႏၵရွိေတာ့ပုံပဲ...
ညအေမွာင္ေတြရဲ႕ အထီးက်န္ဆန္မႈကို
ခံစားခဲ့ရၿပီးတဲ့ေနာက္
မလြန္ေျမာက္ႏိုင္တဲ့ သံသရာထဲ
မလြတ္ေျမာက္ခ်င္တဲ့အလင္းေရာင္ေလး
တခ်ိဳ႕ အေၾကာင္း တစ္ခုတ္တရ
ေျပာျပတတ္လာတယ္ ။

အေတြ႕အႀကဳံေတြ ရင့္က်က္လာၿပီးေနာက္
ဟန္ေဆာင္ျခင္းေတြတစ္ဖက္ကမ္းခက္
လာတယ္ထင္ရဲ႕...
ေခါက္႐ိုးက်ေနတဲ့
ေန႔စဥ္မွတ္တမ္းေတြအေၾကာင္း
ဗီ႐ိုေခ်ာင္ေလးထဲက
ဝက္ဝံညိဳေလးအေၾကာင္း
ဘယ္သူကမွအေရးတယူရယ္လို႔မရွိေတာ့ဘူး။

_behyon_

𝐷𝑒𝑎𝑟 𝑆𝑒𝑙𝑒𝑛𝑜𝑝ℎ𝑖𝑙𝑒.....Where stories live. Discover now