☆ 21

4 0 0
                                    

အချစ်ကသက်ရောက်တုံ့ပြန်မှုမရှိတဲ့အခါ
"ငေးကြည့်နေရုံကျေနပ်ပါတယ်"လို့
ခပ်သာသာစိတ်ဖြေမယ် ။

ပင်လယ်တွေဘက်ခြေဦးလှည့်ဖို့
စဉ်းစားထားတယ်
ခင်ဗျားကိုမေ့ပစ်ဖို့လည်း
စဉ်းစားထားတယ် ။

အိပ်မက်ကလေးဟာသိပ်လှပကြောင်း
ခင်ဗျားနဲ့ဝေးပြီးနောက်ပိုင်းပိုသိလာရတယ် ။

တောင်ဇလပ်တွေဝေရင်တော့ဖြင့်
တောင်တန်းတွေကိုချစ်တတ်တဲ့
တချိန်က ကလေးမလေးတစ်ယောက်ကို
သတိရနေပေးဖို့မျှော်လင့်ရပါတယ် .....။
_behyon_

အခ်စ္ကသက္ေရာက္တံု႔ျပန္မႈမရွိတဲ့အခါ
"ေငးၾကည့္ေနရံုေက်နပ္ပါတယ္"လို႔
ခပ္သာသာစိတ္ေျဖမယ္ ။

ပင္လယ္ေတြဘက္ေျခဦးလွည့္ဖို႔
စဥ္းစားထားတယ္
ခင္ဗ်ားကိုေမ့ပစ္ဖို႔လည္း
စဥ္းစားထားတယ္ ။

အိပ္မက္ကေလးဟာသိပ္လွပေၾကာင္း
ခင္ဗ်ားနဲ႔ေဝးၿပီးေနာက္ပိုင္းပိုသိလာရတယ္ ။

ေတာင္ဇလပ္ေတြေဝရင္ေတာ့ျဖင့္
ေတာင္တန္းေတြကိုခ်စ္တတ္တဲ့
တခ်ိန္က ကေလးမေလးတစ္ေယာက္ကို
သတိရေနေပးဖို႔ေမွ်ာ္လင့္ရပါတယ္ .....။
_behyon_

𝐷𝑒𝑎𝑟 𝑆𝑒𝑙𝑒𝑛𝑜𝑝ℎ𝑖𝑙𝑒.....Where stories live. Discover now