☆ 8 /Lian/

11 2 0
                                    

ချစ်ခြင်းမေတ္တာကဘာလဲမေးရင်
ငါဘယ်လိုဖြေရမလဲ လီယန်
အချစ်ဆိုတာကိုနက်နက်နဲနဲမသိခင်
နင့်ကို ရူူးမူးရခြင်းမှာ
ချစ်ခြင်းကိုငါအဓိပါ္ပယ်မဖွဲ့တတ်ဖူးလီယန်
သူပျော်ရွှင်ဖို့လား
ကိုယ်ပျော်ရွှင်ဖို့လား
သေချာတာကတော့ နင်နဲ့ပတ်သတ်ရင်
ငါကစည်းဝိုင်းအပြင်ကလူသာသာပါပဲ ။

ကမ်းလင့်ခဲ့တဲ့လက်လေး သွေဖက်ခံရတဲ့အခါ
မျက်ရည်ဝဲရရုံပဲလေ
လောဘတက်ခွင့်မရှိတဲ့ဘဝပေါ့ လီယန်
ငါတို့စတွေ့ခဲ့တဲ့အချိန်တွေကိုသိတ်ရမိသား
ကဗျာဆန်ဆန် ပဲ အဲ့နေ့ကမိုးတွေရွာနေခဲ့တယ်
မသိခဲ့ခြင်းက နင်ကမိုးပြေးလေးဆိုတာပဲ
လီယန်...
မထင်မှတ်စွာပဲ လာရောက်ပြီး
မသေသတ်စွာပဲ ပြန်ထွက်သွားခဲ့တယ် ။

ဘေးနားရှိနေခွင့်မရတော့တဲ့အခါ
အမှတ်တရတွေက လူကိုနာကျင်စေတာအမှန်
အကျင့်ဆိုတာတော့ဖျောက်ရခက်သား
လီယန်ရယ်...
မနက်နိုးလာရင်နင်များmessage ပို့ထားမလားph ကိုကြည့်မိတာမျိုး...
ကော်ဖီဆိုင်သွားရင် နင်ကြိုက်တဲ့ Americano တစ်ခွက်ပိုမှာမိတာမျိုး...
နင်နဲ့တူတဲ့သူတွေတွေ့ရင်
မသိမသာလိုက်ကြည့်နေတတ်တာမျိုး...
အချိန်တိုင်းနင့်ကိုလွမ်းနေမိတာမျိုး...
စသည် စသည် ပေါ့
ဖျောက်ရခက်လိုက်တာလေ...။

နင်တစ်ခါပြောဖူးတဲ့စကားကိုသတိရသား
"နင်က မခံစားတတ်သလိုပဲ"တဲ့
မှတ်မှတ်ရရအဲ့နေ့က ငါတဖက်သတ် သတ်မှတ်ခဲ့တဲ့ ငါတို့ ရဲ့ ပထမဆုံးdate ရုပ်ရှင်ကြည့်တုန်းကပေါ့
ငါကမခံစားတတ်တာမဟုတ်ဘဲ ငါခံစားချက်တွေကနင်တစ်ယောက်တည်းအပေါ်ပဲမူတည်နေခဲ့တာ ...
နင်ကသာမြင်အောင်မကြည့်တတ်ခဲ့တာလေ
သန်မာချင်ယောင်ဆောင်ထားတဲ့နှင်းဆီပါ
လီယန်
နှင်းဆီလည်းပန်းမို့
နူးညံ့စွာပဲ အချစ်ခံခွင့် ရှိပါတယ် ။

............................

နင့်ကို ရူးမူးရခြင်းမှာ
ချစ်ခြင်းကိုငါအဓိပ္ပါယ်မဖွဲ့တတ်
ဘူးလီယန်
သူပျော်ရွှင်ဖို့လား

မျက်ရည်ဝဲရရုံပဲလေ
လီယန်...

လီယန်ရယ်...
စသည် စသည် ပေါ့
ဖျောက်ရခက်လိုက်တာလေ...။

လီယန်
နှင်းဆီလည်းပန်းမို့

11:25 A.M

𝐷𝑒𝑎𝑟 𝑆𝑒𝑙𝑒𝑛𝑜𝑝ℎ𝑖𝑙𝑒.....Donde viven las historias. Descúbrelo ahora