☆ 18 /Lian/

5 0 0
                                    

အဲ့ဒီအချိန်တွေတုန်းက ...တဲ့
သိပ်နာကျင်ဖို့ကောင်းတာပဲ လီယန်
ပြန်မရနိုင်တဲ့အတိတ်တွေလေ ။

မိုးတွေရွာရင်ပျော်နေတတ်တဲ့ကောင်လေးက
ခုများတော့ ချစ်ရသူမိန်းကလေးကို
ထီးလေးမိုးလို့ရင်ခွင်ထဲထည့်ထားလေမလား
အတွေးတွေနဲ့တင် ခံစားရပါတယ် ။

တစ်ပါးသူအပေါ်ကြင်နာတတ်တဲ့ နင်က
ငါ့ကိုတော့နာကျင်စေတာပဲ လီယန် ။

တခါတလေတော့လည်း တွေးမိသားပေါ့
လီယန်ရယ်..
ငါသာချစ်တယ်လို့ဝန်ခံခဲ့မိရင်ဆိုတာမျိုးပေါ့...
ပြောမဲ့သာပြောတာပါ လီယန်
နင်လည်းသိခဲ့မှာပါ
အကြောင်းမဲ့သပ်သပ်လျစ်လျူရှုခဲ့ခြင်းကို
ငါလည်းသိခဲ့ပါတယ် ။




လီယန်ရယ်..
နင်လည်းသိခဲ့မှာပါ
ငါလည်းသိခဲ့ပါတယ် ။

𝐷𝑒𝑎𝑟 𝑆𝑒𝑙𝑒𝑛𝑜𝑝ℎ𝑖𝑙𝑒.....Where stories live. Discover now