☆ 20(♡)

4 0 0
                                    

ကိုယ်တို့ပြန်တွေ့တဲ့တစ်နေ့
ခင်ဗျားသိပ်သဘောကျတဲ့
နက္ခတ်တာရာတွေအကြောင်း
ဆွေးနွေးကြမယ်....။

အတွေးလေးကရိုးရှင်းပါတယ်

ခင်ဗျားပြန်လာရင်ဆိုပြီး
အမြဲဖွင့်ထားတတ်တဲ့
တံခါးလေးတစ်ချပ်ရှိတယ်
ကိုယ့်အတွက်ကော်ဖီဖျော်ရင်
ခင်ဗျားအတွက်ပါဖျော်ထားမိနေတတ်တယ်
အားတဲ့အချိန်တွေမှာ
ခင်ဗျားသိပ်သဘောကျတယ်ဆိုတဲ့
အကြောင်းအရာတွေလေ့လာဖြစ်တယ်
လက်ရှိတစ်စက္ကန့်တိုင်းကို
ခင်ဗျားအငွေ့အသက်တွေနဲ့ပဲဖြတ်သန်းတယ်
လွမ်းတယ်ဆိုတာထက်
ခင်ဗျားကိုပိူပြီးအဆင်ပြေစေချင်ပါတယ်
"စောင့်နေပေးပါ..."ဆိုတဲ့စကားလေးမှာ
အတိုင်းအတာရယ်လို့မပါဘူး
စောင့်ဆိုင်းရခြင်းမှာ
အကန့်အသတ်မရှိဘူးပဲဆိုကြပါစို့ ..။

အတွေးလေးကရိုးရှင်းပါတယ်.....

ကိုယ်တို့ပြန်တွေ့တဲ့တစ်နေ့
ခင်ဗျားသိပ်သဘောကျတဲ့
နက္ခတ်တာရာတွေအကြောင်း
ဆွေးနွေးကြမယ်....။

_behyon_

ကိုယ္တို႔ျပန္ေတြ႕တဲ့တစ္ေန႔
ခင္ဗ်ားသိပ္သေဘာက်တဲ့
နကၡတ္တာရာေတြအေၾကာင္း
ေဆြးေႏြးၾကမယ္....။

အေတြးေလးက႐ိုးရွင္းပါတယ္

ခင္ဗ်ားျပန္လာရင္ဆိုၿပီး
အၿမဲဖြင့္ထားတတ္တဲ့
တံခါးေလးတစ္ခ်ပ္ရွိတယ္
ကိုယ့္အတြက္ေကာ္ဖီေဖ်ာ္ရင္
ခင္ဗ်ားအတြက္ပါေဖ်ာ္ထားမိေနတတ္တယ္
အားတဲ့အခ်ိန္ေတြမွာ
ခင္ဗ်ားသိပ္သေဘာက်တယ္ဆိုတဲ့
အေၾကာင္းအရာေတြေလ့လာျဖစ္တယ္
လက္ရွိတစ္စကၠန႔္တိုင္းကို
ခင္ဗ်ားအေငြ႕အသက္ေတြနဲ႔ပဲျဖတ္သန္းတယ္
လြမ္းတယ္ဆိုတာထက္
ခင္ဗ်ားကိုပိူၿပီးအဆင္ေျပေစခ်င္ပါတယ္
"ေစာင့္ေနေပးပါ..."ဆိုတဲ့စကားေလးမွာ
အတိုင္းအတာရယ္လို႔မပါဘူး
ေစာင့္ဆိုင္းရျခင္းမွာ
အကန႔္အသတ္မရွိဘူးပဲဆိုၾကပါစို႔ ..။

အေတြးေလးက႐ိုးရွင္းပါတယ္.....

ကိုယ္တို႔ျပန္ေတြ႕တဲ့တစ္ေန႔
ခင္ဗ်ားသိပ္သေဘာက်တဲ့
နကၡတ္တာရာေတြအေၾကာင္း
ေဆြးေႏြးၾကမယ္....။

_behyon_

𝐷𝑒𝑎𝑟 𝑆𝑒𝑙𝑒𝑛𝑜𝑝ℎ𝑖𝑙𝑒.....Where stories live. Discover now