Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်

Start from the beginning
                                    

ချီအာ့ကခက်ခက်ခဲခဲရုန်းကန်၍ ထရပ်လိုက်သော်လည်းသူ့ညာဘက် ခြေထောက်ကကျိုးသွားခဲ့ပြီဖြစ်တာ ကြောင့်တောင်နံရံကိုသာပြန်မှီပြီး ထိုင်ချလိုက်ရသည်။

ရှန်ရူပင်းကလင်ရွှမ်းဇီအားအဆိပ်ပြင်း သည့်မြွေတစ်ကောင်လိုမျိုးပြင်းထန် စွာကြည့်လိုက်သည်။

"ချီမိသားစုနဲ့ရှင်ကအတိအကျဘယ်လို ကံကြမ္မာကြွေးမျိုးရှိနေလို့ဒီလိုရှင့် အသက်ကိုပါစွန့်လွှတ်ဖို့ဆန္ဒရှိနေရတာလဲ?"

"ဓားကိုပေးဆပ်ခဲ့တဲ့အတွက် ကျေးဇူးကြွေး"လင်ရွှမ်းဇီကပေါ့ပေါ့ ပါးပါးပြန်ဖြေလိုက်ပြီးသူ့လက်ဖြင့် နှုတ်ခမ်းထောင့်မှသွေးများကိုသုတ် လိုက်သည်။

သူ့လက်ထဲကဇီဂဲဓားကချီမိသားစုမှ အင်အားကြီးလူတစ်ယောက်က ကိုယ်တိုင်ပြုလုပ်ထားခြင်းဖြစ်သည်။

ဇီဂဲဓားကမြောက်ပိုင်းတိုက်မကြီးရဲ့ မြောက်ဘက်အကျဆုံအာတိတ်ဒေသ များအတွင်းတွင်တူးဖော်ထားသော ကန်အောက်ခြေမှအလွန်အရေးကြီး သောသံအပိုင်းအစဖြင့်ပြုလုပ်ထား ခြင်းဖြစ်သည်ဟုကောလဟာလများ စွာထွက်ပေါ်ခဲ့သည်။သို့သော်ဇီဂဲဓားကို အမှန်တကယ်ထွင်းထုခဲ့သည့်သူက ချီမိသားစုမှအင်အားကြီးလူတစ် ယောက်ဖြစ်သည်ဆိုတာကိုသိသည့် သူကတော့အနည်းငယ်သာရှိသည်။

ချီအာ့တောင်ထိုအကြောင်းကိုမသိခဲ့ပေ။

ချီအာ့သည့်အံ့အားသင့်သွားမိပြီး သူ့ခန္တာကိုယ်မှနာကျင်မှုကိုပင်ဂရုမစိုက် နိုင်ပဲမေးလေသည်။

"အဲ့ဒါကဘယ်လိုလုပ်ကျုပ်အဘေးက ထွင်ထုခဲ့တာဖြစ်နိုင်မှာလဲ?ကျုပ်အဘေး ထွင်းထုခဲ့သမျှဓားတွေအားလုံးကို ကျောက်စာပေါ်မှာမှတ်တမ်းတင်ထား တာပဲဟာကိုစုစုပေါင်း(၁၈၁)ချောင်း ရှိတယ်ဒါပေမဲ့အဲ့ဒီထဲမှာကျုပ်တစ်ခါမှ ဇီဂဲဓားကိုမတွေ့ဘူးပါဘူး"

လင်ရွှမ်းဇီကဆက်ပြီးရှင်းပြခြင်းမရှိ ပဲပေါ့ပေါ့ပါးပါးသာပြန်ပြောလိုက်သည်။

"ကျုပ်ခင်ဗျားကိုတစ်ခါကယ်လိုက် ပြီဒါပေမဲ့နောက်တစ်ခေါက်တော့ ထပ်ကယ်မှာမဟုတ်ဘူး...ဒုတိယ သခင်လေးချီ..အကယ်၍ကျောက်တုန်း တံခါးနောက်တစ်ခါထပ်ပွင့်လာရင် ခင်ဗျားတတ်နိုင်သမျှအမြန်ဆုံး ထွက်သွားသင့်တယ်"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now