အခန်း ၅[ရွှေချောင်းများ ၁]

Start from the beginning
                                    

ရွှဲရှန့် ; "...................."

အနီးအနားရှိကျောက်တုံးမှ နွမ်းကျနေသောမြက်ပင်ကို အားယူဆွဲကိုင်ရင်း တစ်လက်မလေးပဲဖြစ်ဖြစ် ကြိုးစားရွေ့ကြည့်သည်။ တစ်လက်မကတော့ အောင်မြင်သွား၏။ ထို့အတူ ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်မှ လက်ချောင်းများနှင့် ကောက်ယူလာသည်။

"ဘယ်မိဖစစ်ဖမစစ်ငါ့ကိုလာကောက်တာလဲ..ပြန်ချပေး"

ရွှဲရှန့်သည်းမခံနိုင်ပဲ အော်ဟစ်တော့သည်။ နောက်ပြန်လှည့်ကြည့်လိုက်ရာ မူးတောင်မူးဝေချင်သွားသည်။

အဲ့ငတုံးကိုယ်တော်ဖြစ်နေပြန်ပြီ!

အကြံပေးအိမ်တော်သို့ ရွှဲရှန့်လိုက်သွားရသည့် အကြောင်းအရင်းမှာ အကြံပေးအား မျက်စိဒေါက်ထောက်ကြည့်နေလို၍လည်းပါပြီး သဲလွန်စများရှာဖွေရန်အတွက်လည်းပါသည်။ ဒီကတုံးကရောဘာလို့နောက်ကလိုက်လာပြန်တာလဲ?အစကတော့ဒီအရေးမှာဝင်ပါလိုတဲ့ပုံမပေါ်ပါဘူး၊ငါ့ကိုပြန်ခေါ်ဖို့ပဲလိုက်လာတာလား?ဖြစ်နိုင်ပါ့မလား?

ကမ္ဘာမြေအနှံ့ ခြေဦးတည့်ရာ လျှောက်သွားနေကြသော တစ္ဆေနှင့်မကောင်းဆိုးဝါးဆိုသည်မှာလည်း ဒုနဲ့ဒေး။ ဒါကိုဘာကြောင့်များ ကိုယ့်ကိုပစ်မှတ်ထားရသလဲတွေးရင်း ရွှဲရှန့်ဒေါသပုန်ထလာတော့သည်။ ထိုသူအား အလျှင်းပင် စိတ်ကုန်နေပြီ။

မြက်ခြောက်အားဆွဲထားပြီး လွှတ်မပေးသောရွှဲရှန့်သည် နောက်ဆုံးတွင်မြက်ပါအတူ လိုက်ပါလာ၏။

ရွှမ်းမင်သည် ဝရမ်းပြေးအား လက်တစ်ဖက်နှင့်ကိုင်ထားပြီး အပြစ်တင်ရှုတ်ချသည့်အကြည့်များနှင့် ကြည့်နေသည်။ ရွှဲရှန့်လည်း မင်းကိုယ်မင်းဘာထင်နေလဲလို့ ပြောလိုဟန်ဖြင့် မျက်ဆန်လည်ပြလိုက်သည်။

တစ်ချိန်တည်းမှာပဲ ဥယျာဥ်အတွင်းမှ ကျောက်စရစ်ခဲအား ရွှမ်းမင်ခြေမဖြင့် ညင်သာစွာကန်လိုက်သည်။ လိမ့်သွားသောကျောက်ခဲသည် နှစ်ခါမျှလိမ့်ပြီး အကြံပေးရှေ့ တန်းကျသွား၏။ အကြံပေးလည်း ကျောက်တုံးအားတတ်နင်းမိကာ ဒယီးဒယိုင်ဖြစ်သွားပြီး ရှေ့သို့လဲကျသွားတော့သည်။

Copper Coins《铜钱龛世》Where stories live. Discover now