အခန်း ၅[ရွှေချောင်းများ ၁]

Start from the beginning
                                    

"...."

မိဖစစ်ဖမစစ်အကောင်သည် မြင်းနှင့်နှိုင်းကာစီးနင်းခဲ့ရုံသာမက ငိုအောင်လည်းလုပ်ချင်နေသေးသည် ။

အစေခံလေးသည် အလွန်ဆုံးရှိလှ  ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်မျှသာရှိပြီး သတ္တိဆိုသည်မှာလည်း အပ်သာသာရှိသည်။ ရွှဲရှန့်စကားကြောင့် ကြောက်လန့်သွားသောအစေခံသည် နောက်မှပါလာသူများအားချန်ကာ အိမ်တော်တွင်းဝင်ပြေးတော့သည်။ ငိုရင်းပြေးဝင်သည်ဖြစ်ရာ လှေကားထစ်၌ ခလုတ်တိုက်၍ ချော်လဲသွားသည်။

ရွှဲရှန့်ကိုယ်တိုင်လည်း ရုတ်တရက်လှုပ်ခါခြင်းကြောင့် ဆုပ်ကိုင်ထားသော လက်များချော်သွားသည်။ အစေခံလည်ပင်းဆီမှ မြေပြင်ထက် တဖျပ်ဖျပ်ပြုတ်ကျလာသည်။ အစေခံအဝတ်ကို ဆွဲမည်ပြင်ချိန်မှာပဲ ယုန်ကဲ့သို့အလျင်နှင့် အမြန်ထကာ ထွက်ပြေးသွားတော့သည်။

ရွှဲရှန့် ; "...."

သိုးမွှေးယူဖို့လာကာမှ ပြန်အရိတ်ခံလိုက်ရသည်ဆိုတဲ့ ဆိုရိုးစကားအတိုင်း နောက်ပြောင်ရန်ကြံရွယ်ခဲ့သူသည် အကျိုးဆက်သာပြန်ခံလိုက်ရ၏။

မြေပြင်ပေါ်ရှိ စာရွက်ခေါက်အား မည်သူမျှသတိမမူမိကြ။ ဧည့်သည်ဆောင်၌လည်း ကြီးကြီးငယ်ငယ် လူအများသည် လူငယ်အားဝန်းရံလျက် အထိတ်တလန့်နှင့် ငိုကြွေးနေကြ၏။

လူငယ်၏ဝတ်ရုံရှေ့ပိုင်းသည် ရေစိုနေပြီး ဆံပင်များက ဖရိုဖရဲဖြစ်ကာ မျက်နှာထက်ဖုံးကာထားသည်။ တစ်စုံတစ်ယောက်မှလာပြီး ဖြစ်ကတတ်ဆန်း ဖြီးသင်လိုက်ရာ လူငယ်၏တစ္ဆေသရဲအသွင် ဖြူရော်ရော်မျက်နှာက ထွက်ပေါ်လာသည်။ မျက်လုံးများမှိတ်ထားပြီး အသက်ရှူတော့သည့်ပုံမပေါ်။

ဧည့်သည်ဆောင်တွင်း ခလုတ်တိုက်လဲမတတ် ပြေးဝင်လာသော အကြံပေးသည် မြင်ကွင်းကြောင့် ဒူးများခွေကျသွားတော့၏။

"ကျင်းအာ"

ကိုယ်တစ်ပိုင်း လေဖြတ်နေသောရွှဲရှန့်သည် ပြေးဝင်လာသောလူတစ်စု၏ နင်းခြေမှုကြောင့် ပိပြားသွား၏။

Copper Coins《铜钱龛世》Where stories live. Discover now