Epi-17

2.7K 237 6
                                    

Unicode

ရရ တစ်ယောက် အိမ်သို့ပြန်ရောက်တော့ အချိန်ကား ၄နာရီခွဲ။ သိပ်နောက်မကျသေးသည်မို့ ဘထွေးတို့အိမ်ကို ရေချိူးသွားရန် လိုအပ်သည့် အဝတ်အစားတွေ၊ ပစ္စည်းတွေယူကာ ဒေါ်လေးအား အသိပေးရင်း ထွက်လာခဲ့သည်။ ရဘထွေးတို့အိမ် ရောက်ပြန်တော့လည်း အမက ပြန်ရောက်နေပြီ ဖြစ်ပြီး မိမိ ချိူးမည့်ရေများကို ခပ်ပေးနေပြန်သည်။

"ဟာ အမရာ သား ငရဲ ကြီးတော့မှာပဲ ဒီလိုသာဆို"

ဆူပုတ်ပုတ်လေး ပြောလာသည့် တူတစ်ယောက်လည်း ဖြစ်သည့်အပြင် မောင်လေးအရွယ်ပေမို့
တူအဖြစ်ကော၊ မောင်အဖြစ်ပါ သဘောထား ထားသော ကလေးငယ်အား ကြည့်လိုက်ပြီး ရယ်လိုက်မိတော့သည်။ သူ ငရဲကြီးမှာ ေကြာက်လို့တဲ့လေ။ ပြီးရင် ရှိသမျှ ရေတွေ အကုန် ချိူးလို့ ကောင်းလို့ ဆိုကာ အကုန်ချိူးမည့် အတတ်ကလေး။

"အမလေး ကဲပါရှင် အဲ့ဒါဆိုလည်း မနက်ဖန် အဖွားကို လာကူလုပ်ပေးပေါ့ရှင်  အဲဒါဆို ငရဲမကြီးတော့ဖူးပေါ့ "

" မနက်ဖန် မနက်ပိုင်း မလာနိုင်လောက်ဖူး အမရဲ့
ဘုန်းကြီးကျောင်းက အလှူ သွားရမှာမို့ ဟီး အာ့ဆို ညနေဖက် လာကူပေးမယ်နော် "

သွားလေး ဖြီးပြရင်း အိမ်ပေါ်တတ်သွားသော ကလေးငယ်အား ကြည့်ရင်း ရယ်ချလိုက်တော့သည်။ မကြာခင် ကျောက်စည်ပိုင်း ၂လုံးတွင် အပြည့်ခပ်ထားသော ရေများ အကုန် ကုန်တော့မှာမို့ပင်။

ညနေစာကိုလည်း ဘထွေးတို့အိမ်မှာ ဧည့်သည်လုပ်ရင်း စားတော် တည်ခဲ့သည်။ အိမ်ပြန်လာတော့ နောက်ကျနေပြီမို့အမက လိုက်ပို့ပေးသည်။
အမအား မိမိစားရန် ဝယ်လာသော ငုံးဥ ထုပ်လေး ၁ထုပ် ပြန်ကျွေးလိုက်သည်။

အိမ်ပြန်ရောက်တော့ အမေတို့လည်း ရေမိုးချိူး
ပြီးလို့ ထမင်းပင် စားနေကြပြီ။ အိမ်မှာလို လုပ်စရာ အလုပ်မရှိသည်မို့ အဘအနားသို့သွားကာ ခြေဆုပ်လက်နယ် ပြုနေလိုက်သည်။ စကားတွေ စမည်ပြောကြရင်း လူကြီးတွေ၏ ရှေးဟောင်း
နောက်ဖြစ် တွေကိုလည်း တစ်ဝကြီး နားထောင်ရသည်။ တစ်ချိူ့မှာ ဗဟုသုတ ရစရာ၊ မှတ်သား စရာတွေ ရှိသလို တစ်ချိူ့ကတော့ ငယ်ဘဝအလွဲလေးတွေကို ရယ်စရာဟာသအဖြစ် ပြန်ပြောကြရင်း တစ်နေ့တာ ဘဝအမောတွေကို ဖြေဖျောက်ကြသည်။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now